ငပုတောမြို့အနီး ဆောက်မယ့် ကမ်းလွန်ထောက်ပံ့ရေး အခြေစိုက်စခန်းကြောင့် ထိခိုက်မှာစိုးရိမ်

0
353

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ၊ ငရုတ်ကောင်းမြို့ နဲ့ နံသာပုကျေးရွာမှာ ကမ်းလွန်ရေနံ လုပ်ကွက်တွေအတွက် ကမ်းလွန်ထောက်ပံ့ရေး အခြေဆိုက်စခန်းတစ်ခုဆောက်လုပ်ဖို့အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မေလ ၁၉ ရက်နေ့မှာ ခွင့်ပြုလိုက်တာပါ။

အဲဒီလို ခွင့်ပြုလိုက်တဲ့အတွက် သေခံတွေရဲ့ ဘဝရပ်တည်မှုနဲ့ သက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ထိခိုက်မှာကို စိုးရိမ်နေကြတာပါ။

“အဲဒီစီမံကိန်းလုပ်မယ်ဆိုရင်ကျွန်တော်တို့အရင် အကောင်အထည်ဖော်နေတဲ့ ဒေသအခြေပြု စီးပွားရေးလုပ်ငန်းတွေထိခိုက်မှာကိုစိုးရိမ်ပါတယ်။ ပြီးတော့ စီမံကိန်းဆောက်မယ့်နေရာက ရွာတွေအတွက်စိုးရိမ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီစီမံကိန်းဆောက်မယ့်နေရာက ရေလုပ်သားတွေငါးဖမ်းနေတဲ့ နေရာဖြစ်တဲ့အတွက် သူတို့ရဲ့ တစ်သက်စာ အလုပ်အကိုင်တွေ မဖန်တီးပေးနိုင်ဘဲ ရှိတဲ့အလုပ်တွေ မလုပ်ရမှာကိုစိုးရိမ်တာပါ”လို့ ဒေသခံ ဦးမိုးကျော်သူကပြောပါတယ်။

ကမ်းလွန်ထောက်ပံရေး အခြေဆိုက်စခန်းတည်ဆောက်မယ့်မြေနေရာဟာ Myin@Associates Offshore Supply Baset Ltd ကုမဏီပိုင်မြေဖြစ်ပြီး မြေဧက ၃၀ ပေါ်မှာ ဆောက်လုပ်သွားမှာဖြစ်ပါတယ်။

အခုစီမံကိန်းအကောင်အထည်ဖော်တဲ့နေရာမှာ ဒေသခံတွေရဲ့သဘောထားမှတ်ချက်တွေကို နားထောင်ပြီး ခွင့်ပြုပေးသင့်တယ်လို့ လူထုအခြေပြု ခရီးသွားလုပ်ငန်းအကောင်အထည်ဖော်နေတဲ့ MATA အဖွဲ့က ဧရာဝတီတိုင်းတာဝန်ခံ ကိုမိုးက အခုလိုပြောပါတယ်။

“အခုလို ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလိုက်တယ်ဆိုတော့ ဘာမှတော့သိပ်မပြောလိုပါဘူး။ ဒါပေမဲ့ အခုလိုစီမံကိန်းကြီးတွေ အကောင်အထည်ဖော်တော့မယ်ဆိုရင် ဒေသခံတွေရဲ့ အသံတွေကိုနားထောင်သင့်ပါတယ် ။နာက်ပြီးတော့ ပြည်သူလူထုကလည်း ပြန်ပြီးတော့ ဆွေးနွေးခွင့်ကိုလည်းပေးစေချင်ပါတယ် ။ အခုလိုတည်ဆောက်တဲ့ စီမံကိန်းကြောင့် ဘာတွေဖြစ်မလဲဆိုတာတော့မပြောတက်သေးပါဘူး”လို့ ပြောပါတယ်။

အဲဒီစီမံကိန်းကို ဧရာတီတိုင်းဒေသကြီး ယာယီ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ လျှပ်စစ်၊လမ်းပန်းနဲ့ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြည်ထောင်စုအဆင့် စီမံကိန်း ဖြစ်တဲ့အတွက် တိုင်းဒေသကြီးအစိုးရအနေနဲ့ မူအားဖြင့် သဘောတူ လက်မှတ်ရေးထိုးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)