ဒီပဲယင်း အကြမ်းဖက်ခံရမှု ၁၄ နှစ်မြောက် အခမ်းအနား ကျင်းပ

0
297

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကို အကြမ်းဖက် လုပ်ကြံဖို့ ကြိုးစားခံရတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ ကြည်ရွာမှာ ၁၄ နှစ်မြောက် အခမ်းအနားကို ဒီနေ့ မေလ ၃၀ ရက်မှာ ကျင်းပပါတယ်။

အခမ်းအနားကို စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်း၊ တိုင်းလွှတ်တော် အမတ်တွေနဲ့ ပြည်သူတွေ တက်ရောက်ပြီး သေဆုံးခဲ့သူတွေအတွက် လွမ်းသူပန်းခွေချတာ၊ သံဃာတော်တွေကို ဆွမ်းကပ် အမျှဝေတာတွေ ပြုလုပ်ခဲ့ပါတယ်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးတင်ဦးတို့ ပါတီစည်းရုံးရေး ဆင်းလာစဉ် အကြမ်းဖက် ခံရတာ ဖြစ်ပြီး NLD နဲ့ ဆက်စပ်သူ အနည်းဆုံး ၇၀ ဦး သေဆုံးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကတော့ အကြမ်းဖက်မှုကနေ လွတ်မြောက်လာခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)