ငြိမ်းချမ်းရေးညီလာခံအပြီး သက်ဆိုင်သူတွေ ဘာဆက်လုပ်ကြမလဲလို့ ဦးရွှေမန်းမေးခွန်းထုတ်

0
271

ငြိမ်းချမ်းရေးညီလာခံအပြီး သက်ဆိုင်သူတွေ ဘာဆက်လုပ်ကြမလဲလို့ လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက မေးခွန်းထုတ်လုပ်လိုက်ပါတယ်။

သတင်းဓာတ်ပုံ – HEIN HTET (EPA/MYANMAR)

မလ ၃၀ ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာက တဆင့် အဲ့ဒီလို မေးခွန်းထုတ် ပြောကြားလိုက်ပါ။ ဒီလိုပြောကြားရာမှာတော့ ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ) အပေါ် ပြည်သူတွေ မျှော်လင့်ထားသလောက် ခရီးမပေါက်သေးလို့ အမြင်ရှိသူတွေ ရှိနိုင်သလို တိုးတက်မှုတွေ၊ အောင်မြင်မှုတွေ ရှိတယ်၊ ဒီလောက်ဆို ကျေနပ်ရမှာပေါ့လို့ ပြောကြားလာမှုတွေလည်း ရှိနိုင်တယ်လို့ ဆိုတာပါ။

ဒါအပြင် အရေးအကြီးတာက ငြိမ်းချမ်းရေးရလိုစိတ်နဲ့ ရရှိအောင် ဆက်လက်ကြိုးစားလုပ်ဆောင်ကြရမှာဖြစ်ပြီး တိုင်းပြည်ကို တကယ်ချစ်ဆိုရင် ငြိမ်းချမ်းရေးကို တကယ်မြတ်နိုးရင် ကိုယ်စီမှာ တာဝန်ရှိတာကို သဘောပေါက်နားလည်ပြီး  ကိုယ့်တာဝန် ကိုယ်ယူကြရမှာ ဖြစ်တယ်လို့လည်း သူရဦးရွှေမန်းက ပြောကြားထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)