လူသတ်မှုနဲ့ ထိုင်းအမျိုးသမီး နှစ်ဦးကို တာချီလိတ်မှာ ဖမ်းဆီး

0
258

အသက် ၂၂ နှစ်အရွယ် အမျိုးသမီးကို သတ်ပြီး နှစ်ပိုင်းပိုင်းကာ မြှုပ်နှံမှုနဲ့ ထိုင်းအမျိုးသမီး နှစ်ဦးကို တာချီလိတ်မှာ မြန်မာရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ထိုင်းရဲကို လွှဲပြောင်းလိုက်ပါတယ်။

တာချီလိတ်မှာ ဖျော်ဖြေရေး အလုပ်လုပ်ကိုင်နေတဲ့ ပီယာနတ် နွန်ဝမ်ချိုင်း (၂၄ နှစ်) နဲ့ ကဝီတ ရာချဒါ (၂၆ နှစ်) တို့ဟာ ဝါရီဆာရာ ကလင်ဂျူအိ ဆိုတဲ့ ကာရာအိုကေ ဘားအဆိုတော် အမျိုးသမီးကို သတ်ပြီး ခွန့်ခန့်ပြည်နယ် သစ်တောထဲမှာ မြှုပ်နှံထားမှုကြောင့် မြန်မာရဲက ဖမ်းဆီးပြီး ထိုင်းရဲထံ အပ်နှံလိုက်တာ ဖြစ်ပါတယ်။

ပီယာနတ်၊ ကဝီတ၊ ဝါဆင်နဲ့ ဂျီဒရာ တို့ကို ထိုင်းတရားရုံးက ဖမ်းဝရမ်း ထုတ်တာဖြစ်ပြီး လောလောဆယ် ပီယာနတ်နဲ့ ကဝီတတို့ကို ဖမ်းမိတာ ဖြစ်ပါတယ်။ လာအိုနိုင်ငံဘက်ကို ထွက်မပြေးနိုင်အောင် ထိုင်းရဲတွေက စိစစ်မှုတွေ လုပ်နေပါတယ်။

ဝါရီဆာရာကို သတ်၊ နှစ်ပိုင်းဖြတ်ကာ ရေတိုင်ကီထဲထည့်ပြီး သစ်တောထဲမှာ မြှုပ်ခဲ့တာ ဖြစ်ပါတယ်။

တရားမဝင် မူးယစ်ဆေးဝါး ကိစ္စနဲ့ ပတ်သက်ပြီး အချင်းများကြရာကနေ သတ်ဖြတ်မှု ဖြစ်ပွားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ ဝါရီဆာရာရဲ့ ခင်ပွန်း ဆက်ချိုင်း ဘက်သမ်ဒီးနဲ့ ဝါရီဆာရာရဲ့ ယောက်ျားလျှာ သူငယ်ချင်းတွေကိုလည်း ကနဦးတုန်းက စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)