ဆိုင်ကလုန်း မုန်တိုင်းကြောင့် မွတ်စလင် ဒုက္ခသည် ၃ သိန်းခွဲကို ကယ်ဆယ်ရ

0
283

 

ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတယ်ဆိုတဲ့ မွတ်စလင် ဒုက္ခသည် ၃ သိန်းခွဲရှိနေတဲ့ ဒုက္ခသည်စခန်းတွေဟာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး အပျက်အစီးများတာကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရက ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။

ဆိုင်ကလုန်း မိုရာဟာ ကောက်ဘဇား ဒိစတြိတ်မှာရှိတဲ့ စိန့် မာတင်နဲ့ တက္ကနပ်ဖ် ကျွန်းကို ဝင်ရောက် တိုက်ခတ်တာကြောင့် ဒုက္ခသည် ၂ သိန်းနဲ့ စစ်တကောင်း ဒိစတြိတ်မှာ ဝင်ရောက် တိုက်ခတ်မှုကြောင့် ဒုက္ခသည် ၁ သိန်းခွဲတို့ကို ကူညီ ကယ်ဆယ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေ ခိုလှုံနေတဲ့ ကျွန်းတွေဟာ မြန်မာနိုင်ငံ နယ်စပ်နဲ့ မနီးမဝေးမှာ ရှိနေပါတယ်။ ဒုက္ခသည်စခန်းတွေမှာ ဆိုးဆိုးဝါးဝါး ပျက်စီးကြောင်းနဲ့ တဲအိမ် ၁ သောင်းကျော် ပျက်စီးတယ်လို့ မွတ်စလင် လူမှု အဖွဲ့အစည်း ခေါင်းဆောင် ရှမ်ဆူလ် အလမ်က Reuters သတင်းဌာနကို ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)