တနင်္သာရီတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရရှိထားတဲ့ မူးယစ်ဆေးဝါးတွေ ရန်ကုန်ကို ပို့ဆောင်

0
246

လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွှဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ မီးရှို့ဖျတ်ဆီးဖို့ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရရှိထားတဲ့ မူးယစ်ဆေးဝါးတွေကို ရန်ကုန်မြို့ကို ပို့ဆောင်သွားမှာဖြစ်ပါတယ်။

အဲဒီအခမ်းအနားကို တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာ ပြုလုပ် သွားမှာဖြစ်ပါတယ်။ မီးရှို့ဖျတ်ဆီးမယ့် မူးယစ်ဆေးဝါး တွေကို ရန်ကုန်မြို့ကို ပေးပို့သွားမှာဖြစ်ပြီး တနင်္သာရီတိုင်း ဒေသကြီးအနေနဲ့ ၂၀၁၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ကနေ ၂၀၁၇ ခုနှစ် မေလ ၂၅ ရက်နေ့ အတွင်း ဖမ်းဆီးရရှိထားတဲ့ မူးယစ်ဆေးဝါးတွေကို ပို့ဆောင်သွားမှာဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီးမှာ တစ်နှစ်အတွင်းဖမ်းဆီးရရှိတဲ့ မူးယစ်ဆေးဝါးတွေကတော့ ကျပ်ငွေသန်း ၃၀၀ ကျော်တန်ဖိုးရှိတဲ့ WY စိတ်ကြွ ရူးသွပ်ဆေးပြားတွေနဲ့ ကျပ်ငွေ သန်းတစ်ထောင်ကျော်တန်ဖိုး ရှိတဲ့ ကတ်တမင်းတွေအပါအ၀င် စုစုပေါင်း မြန်မာကျပ်ငွေ သိန်းသုံးသောင်းနီးပါးခန့်ရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)