မြောက်ပိုင်း ၇ ဖွဲ့ကို နိုင်ငံတော်နဲ့ တပ်မတော်က ဦးဆောင်ဖို့လိုတယ်လို့ စခုန်တိန့်ယိမ်းပြောကြား

0
385

မြောက်ပိုင်း ၇ ဖွဲ့ကို နိုင်ငံတော်နဲ့ တပ်မတော်က ဦးဆောင်ဖို့လိုတယ်လို့ ကချင်ပြည်နယ် အထူးဒေသ ၁ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် စခုန်တိန့်ယိမ်းက ပြောကြားလိုက်ပါတယ်။

မေလ ၂၉ ရက်နေ့က ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးအပြီး သတင်းမီဒီယာတွေကို စခုန်တိန့်ယိမ်းက ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ မြောက်ပိုင်း ၇ ဖွဲ့အတွက် နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ ဦးဆောင်မှုမရှိပဲ ငြိမ်းချမ်းရေးမဖြစ်နိုင်တာကြောင့် သူတို့တွေကို အစိုးရနဲ့ တပ်မတော်က ကျေကျေနပ်နပ်နဲ့ လာဆွေးနွေးခိုင်းစေချင်တယ်လို့လည်း ပြောကြားလိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)