၁၀ လ အတွင်း တရားမ၀င် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၆၀၀ ကျော်ကို ဖော်ထုတ်အရေးယူ

0
336

၁၀ လ အတွင်း တရားမ၀င် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၆၀၀ ကျော်ကို ဖော်ထုတ်အရေးယူနိုင်ခဲ့တယ်လို့ NLD အစိုးရအဖွဲ့က ပြောကြားလိုက်ပါတယ်။

သတင်းဓာတ်ပုံ – HEIN HTET (EPA/MYANMAR)

မေလ ၂၉ ရက်နေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ထုတ်ဖော်ပြောဆိုလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ ၂၀၁၆ ခုနှစ် ဧပြီလက စတင်ကာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလအထိ ၁၀ လအတွင်း တရားမ၀င်ဓာတ်အား သုံးစွဲမှု ၆၀၉ မှုကို အရေးယူခဲ့ပြီး ဒဏ်ကြေးငွေ ကျပ်သန်း ၆၀၀ ကျော် ပေးဆောင်စေခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဒါအပြင် ဓာတ်အားဖြတ်တောက်တာ၊ ဒဏ်ငွေပေးဆောင်စေတာအပါအ၀င် ရာသက်ပန် ဓာတ်အားဖြတ်မယ့်အကြောင်း ၀န်ခံကတိရေထိုးစေတာတွေကိုလည်း ဆောင်ရွက်ခဲ့တယ်လို့လည်း ၀န်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)