NLD အစိုးရ ကလေးအလုပ်သမားတွေ ပပျောက်ဖို့ ကာလရှည် ၁၅ စီမံကိန်း ချမှတ် ဆောင်ရွက်မယ်

0
359

ကလေးအလုပ်သမားတွေ ပပျောက်ဖို့ ကာလရှည် ၁၅ စီမံကိန်း ချမှတ် ဆောင်ရွက်သွားမယ်လို့ NLD အစိုးရက ပြောကြားလိုက်ပါတယ်။

သတင်းဓာတ်ပုံ – NARONG SANGNAK (EPA)

မေလ ၂၉ ရက်နေ့က အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈) က ကိုယ်စားလှယ် ဒေါ်အိအိပြုံးရဲ့ ကလေးလုပ်သားတွေလျှော့ချနိုင်ရေးနဲ့ အသက်မွေးပညာ သင်ကြားနိုင်ရေးနဲ့ပတ်သက်တဲ့ မေခွန်းကို ဖြေကြားရာမှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ အစိုးရအနေနဲ့ ၂၀၁၈ ခုနှစ်ကနေ စတင်ကာ ၂၀၃၃ ခုနှစ်အထိ ၁၅ နှစ်တာ ကလေးအလုပ်သမားဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ချမှတ်ပြီး ကာလတို စီမံကိန်းတွေ ၅ နှစ် တစ်ကြိမ်ချမှတ်ကာ ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့တာပါ။

ဒါအပြင် အစိုးရအနေနဲ့ လက်ရှိအခြေအနေမှာလည်း ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းတွေမှာ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို သင်ကြားပေးနေတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)