နိုင်ငံခြားသားလက်မှတ်ကို အရင်စွန့်လွှတ်စရာမလိုပဲ နိုင်ငံသား လျှောက်ထားနိုင်

0
367

နိုင်ငံခြားသားလက်မှတ်ကို အရင် စွန့်လွှတ်စရာမလိုပဲ နိုင်ငံသားအဖြစ် ဥပဒေနဲ့အညီ လျှောက်ထားနိုင်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားလိုက်ပါတယ်။

သတင်းဓာတ်ပုံ –  DIEGO AZUBEL (EPA)

မေလ ၂၉ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်မြေ အမှတ် (၁၂) က ကိုယ်စားလှယ် တရားလွှတ်တော် ရှေ့နေကြီး ဦးအောင်သိန်းရဲ့ နိုင်ငံခြားသားလက်မှတ် ကိုင်ဆောင် ထားသူတွေ နိုင်ငံသားပြုခွင့် ပြန်လည်လျှောက်မှုနဲ့ ပတ်သက်တဲ့ မေးခွန်းကို ဖြေကြားစဉ် ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ နိုင်ငံသားအဖြစ် ဥပဒေနဲ့အညီ လျှောက်ထားမှုကို ဗဟိုအဖွဲ့က သတ်မှတ်ပြီးချိန်မှသာ နိုင်ငံခြားသားအဖြစ် စွန်လွတ်နိုင်ကြောင်းနဲ့ နိုင်ငံတော်သစ္စာကို ခံယူကြောင်း နိုင်ငံသားဥပဒေနဲ့အညီ ကတိသစ္စာပြုပြီးမှသာ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်ကို ဖျက်သိမ်းရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)