ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” အန္တရာယ်ကြောင့် ပြည်တွင်းရေကြောင်း သင်္ဘောခရီးစဉ်တွေရပ်နား

0
387

ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” ရဲ့ အန္တရာယ်ကြောင့် ပြည်တွင်းရေကြောင်း သင်္ဘောခရီးစဉ်တွေကို အစိုးရက ရပ်နားထားလိုက်ပါတယ်။

သတင်းဓာတ်ပုံ – MOI

မေလ ၂၈ ရက်နေ့က စတင်ကာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို အခြေပြုပြီး ကမ်းရိုးတန်းပြေဆွဲနေတဲ့ သင်္ဘောတွေကို ဘေးကင်းရာမှာ ရပ်နားထားကြဖို့ ပြည်နယ် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားထားတာပါ။

ဒါအပြင် ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ မြေပုံနဲ့ မင်းပြားမြို့တွေကို မြစ်တွင်းပြေးဆွဲနေတဲ့ သင်္ဘောခရီးစဉ်တွေကိုလည်း ရပ်နားထားပါတယ်။

လက်ရှိအခြေအနေမှာဆိုရင်တော့ ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” ဟာ မြန်မာနိုင်ငံ၊ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် မိုင် (၁၂၀) ခန့်၊ ကျောက်ဖြူမြို့ရဲ့ အနောက်-အနောက်တောင်ဘက် မိုင် (၁၂၀) ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့ရဲ့ တောင်-အနောက်တောင်ဘက် မိုင် (၂၂၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)