ငြိမ်းချမ်းရေးဆွေးနွေးမှု ဈေးရောင်း၊ ဈေးဝယ် လုပ်နေတာ မဟုတ်ဟု မင်းကိုနိုင်ပြောကြား

0
359

ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ ဈေးရောင်း၊ ဈေးဝယ် လုပ်နေတာ မဟုတ်ဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။

သတင်းဓာတ်ပုံ – SOE ZEYA TUN / POOL ( EPA/MYANMAR)

ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ) နောက်ဆုံးနေ့ အခမ်းအနားဖြစ်တဲ့ မေလ ၂၉ ရက်နေ့က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ အဲ့ဒီလို ပြောကြားခဲ့တာပါ။

ဒီလိုပြောကြားရာမှာတော့ ဈေးရောင်း၊ ဈေးဝယ်လုပ်နေတာမျိုးမဟုတ်တာကြောင့် ဘယ်လောက်ဆစ်မှာမို့ ဈေးဘယ်လောက် တင်ထားမယ် ဆိုတာမျိုးတွေ မရှိဖို့လိုပြီး ဖြစ်စေချင်တာတွေကို တခါပဲ ပြောတာ ကောင်းတယ်လို့လည်း ဦးမင်းကိုနိုင်က ပြောကြားလိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)