ဆည္ေရေပးရလို႔ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈ က်ရတာလို႔ လွ်ပ္စစ္ ဒုဝန္ႀကီးေျပာ

0
142
devices -->

လယ္သမားေတြ ပ်ိဳးေထာင္ဖို႔ ဆည္ေရထုတ္ေပးရတဲ႔အတြက္ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္ ျဖည့္ဆည္းႏိုင္ဖို႔ အခက္အခဲေတြ ႐ွိလာေနၿပီး လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈ ၁၉၇၁ မဂၢါဝပ္သာ ႐ွိတာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ထက္ ၁၅၆ မဂၢါဝပ္ ေလ်ာ့က်ခဲ့တယ္လို႔ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီး ေဒါက္တာ ထြန္းႏိုင္က ျပည္သူ႔လႊတ္ေတာ္မွာ ေျပာပါတယ္။

ဧၿပီလ ၂၉ ရက္ေန႔ ျပည္သူ႔လႊတ္ေတာ္မွာ ေက်ာက္တံတားၿမဳိ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေနမ်ဳိးထက္က ေႏြရာသီ မီးပ်က္ေနမႈေတြနဲ႔ ပတ္သက္ၿပီး ေမးျမန္းရာမွာ ဒုတိယ ဝန္ႀကီး ေဒါက္တာ ထြန္းႏိုင္က အခုလို ေျဖၾကားခဲ႔တာပါ။

ဒါ့အျပင္ အခုလို လွ်ပ္စစ္ဓာတ္အား မျပတ္ေတာက္ေစဖို႔ တင္ျပေတာင္းခံထားတဲ့ ဘတ္ဂ်က္ကို ခြင့္ျပဳေပးေစလိုေၾကာင္းနဲ႔ လွ်ပ္စစ္က႑ဟာ အခုေရတြင္းတူး၊ အခု ေရၾကည္ေသာက္လို႔ မရႏိုင္ေၾကာင္းလည္း ေျပာၾကားခဲ႔ပါတယ္။

ဆည်ရေပေးရလို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ကျရတာလို့ လျှပ်စစ် ဒုဝန်ကြီးပြော

လယ်သမားတွေ ပျိုးထောင်ဖို့ ဆည်ရေထုတ်ပေးရတဲ့အတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းနိုင်ဖို့ အခက်အခဲတွေ ရှိလာနေပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၁၉၇၁ မဂ္ဂါဝပ်သာ ရှိတာကြောင့် ပြီးခဲ့တဲ့နှစ်ထက် ၁၅၆ မဂ္ဂါဝပ် လျော့ကျခဲ့တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ပြည်သူ့လွှတ်တော်မှာ ပြောပါတယ်။


ဧပြီလ ၂၉ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထက်က နွေရာသီ မီးပျက်နေမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က အခုလို ဖြေကြားခဲ့တာပါ။


ဒါ့အပြင် အခုလို လျှပ်စစ်ဓာတ်အား မပြတ်တောက်စေဖို့ တင်ပြတောင်းခံထားတဲ့ ဘတ်ဂျက်ကို ခွင့်ပြုပေးစေလိုကြောင်းနဲ့ လျှပ်စစ်ကဏ္ဍဟာ အခုရေတွင်းတူး၊ အခု ရေကြည်သောက်လို့ မရနိုင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။