ဟိုတယ်တည်ဆောက်မှု အပေါ် ဒေသခံတွေ မကျေနပ်သဖြင့် ဆန္ဒပြကန့်ကွက်

0
365

ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာအုပ်စု မိုင်းအင်းနဲ့ ဖက်ပုံးရွာတွေအကြား အင်းလေးကန်အရှေ့ဖက်မှာ NingGroupက သဘာဝကျွန်းမျောတွေပေါ်မှာ ဟိုတယ်သစ် တည်ဆောက်နေခြင်းကို ဒီကနေ့ ဧပြီလ (၃၀)ရက်နေ့ နံနက်ပိုင်းက ဒေသခံတိုင်းရင်းသား ၂၀ ခန့် ညောင်ရွှေမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လာရောက်စဉ် ကန့်ကွက်တောင်းဆိုမူတွေပြုလုပ်ခဲ့ကြပါတယ်။

ယခင်အစိုးရလက်ထက်က အင်းလေးဒေသ၀န်းကျင်မှာ ဟိုတယ် ၁၄ လုံးတည်ဆောက်ခွင့်ပေးထားတဲ့ ထဲက တစ်လုံးအပါအ၀င်ဖြစ်တဲ့ ဒီစီမံကိန်းကို ၃ နှစ်ကြာမှ အကောင်အထည်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီစီမံကိန်းကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ခွင့်ပြုထားခြင်းမရှိဘူးလို့ ညောင်ရွှေပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သစ်တော၊ သယံဇာတနှင့်၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးကော်မတီဝင် ဦးနေမျိုးက ဒေသခံတွေကို ပြန်လည် ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဒေသခံတွေအနေနဲ့ မိမိတို့ နေထိုင်ရာဒေသအတွင်း ရေထွက်ကုန်ပစ္စည်းတွေ ကျွန်မျော်တွေပျက်စီးမသွားအောင် ကာကွယ်ထိန်းသိမ်းတဲ့အနေနဲ့ အခုလို့ ကန့်ကွက်မူတွေပြုလုပ်ရတာဖြစ်တယ်လို့ မိုင်းအင်းကျေးရွာမှ ဒေသခံအင်းတိုင်းရင်းသာ ကိုဝင်းနိုင်မှ ပြောပါတယ်။
ပြည်သူပိုင်တဲ့မြေကို တစ်ဦးတစ်ယောက်က သိမ်းယူပြီး သဘာဝပတ်ဝန်းကျင်းတွေ ပျက်စီးလုပ်ဆောင်မှာမလိုလားပဲ နောင်လာနောင်သားတွေအတွက် အမွေအနစ်ဖြစ်တာမို့ ထိန်းသိမ်းစောင့်ရှောက်တာဖြစ်လို့ မိုင်းအင်းကျေးရွာ အသက် ၇၁ နှစ် ရှိပြီဖြစ်တဲ့ဒေသခံ ဦးခင်မောင် အခုလိုပြောပါတယ်။
အဲဒီ ကျွန်မျောတွေ ရေထွက်တွေရှိတဲ့ ကျေးရွာပိုင်မြေတွေကို ကုမ္ပဏီတစ်ခု ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်သွားတယ် ဆိုတာကို ဒေသခံတွေအနေနဲ့ မသိရှိဘူးလို့ အင်းလေးကန်ထိန်းသိမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ပူပေါင်းအဖွဲ့မှ ကိုထိန်းလင်းက ပြောပါတယ်။
အင်းလေးကန်မှာ နှစ်စဉ်ရေခမ်းခြောက်မှုတွေဖြစ်ပေါ်လာနေသလို နိုင်ငံခြားခရီးသွားတွေ ပြည်တွင်းခရီးသွားတွေ နှစ်စဉ်လာရောက်လှည်ပတ်မှုတွေများတာကြောင့် စီးပွားလုပ်ငန်းရှင်တွေကလဲ ဟိုတယ်သစ်တွေတည်ဆောက်မှုတွေ ရှိလာကြပါတယ်။ ဒီလို အခြေအနေကြောင့် ဆန္ဒဖော်ထုတ်မူတွေ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး ယခင်က တာဝန်ရှိသူတွေ ပြေလည်အောင် ဖြေရှင်းမပေးနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးတွေကြောင့် ဒေသခံတွေအနေနဲ့ အင်းလေးဒေသ သသာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်တွေ ပျက်စီးမဲ့အရေး အထူးစိုးရိမ်းနေတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)