လူမျိုးနဲ့ ဘာသာ ပဋိက္ခဖြစ်အောင် ဆောင်ရွက်ခြင်းဟာ အခြေခံဥပဒေကို ချိုးဖေါက်ခြင်းဖြစ်

0
302

လူမျိုးတစ်မျိုးနဲ့ တစ်မျိုး ဘာသာတစ်မျိုးနဲ့ တစ်မျိုး ပဋိက္ခဖြစ်အောင် ဆောင်ရွက်တာဟာ အခြေခံဥပဒေရဲ့ ချိုးဖေါက်တာ ဖြစ်တယ်လို့ မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက် ပါတယ်။

ဧပြီလ (၂၈)ရက်နေ့က မန္တလေးမြို့မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးထင်ကျော်တို့ ဦးစီးတဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့အား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။ ဒီဂုဏ်ပြုပွဲကို သာသနာတော်ဆိုင်ရာ ဆရာတော်ကြီးတွေအပြင် ခရစ်ယာန်၊ ဟိန္ဒူနဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေပါ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)