ကိုယ်အင်္ဂါ မသန်စွမ်းသူ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေစတင် ခေါ်ယူနေပြီ

0
296

ကိုယ်အင်္ဂါ မသန်စွမ်းသူ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေကို မသန်စွမ်း သက်ကြီး သင်တန်းကျောင်း (ရန်ကုန်) က စတင် ခေါ်ယူနေပြီဖြစ်ပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ အဲ့ဒီကျောင်းကနေ ကိုယ်အင်္ဂါ မသန်စွမ်း သူတွေအတွက် အီလက်ထရွန်နစ် တစ်နှစ်သင်တန်း၊ ကွန်ပျူတာ ၃ လ သင်တန်းတွေနဲ့အတူ အခြား သင်တန်းတွေ ဖြစ်တဲ့ စက်ချုပ်၊ ပိုးဇာပုံနှိပ်၊ ဓာတ်ပုံ၊ ဆံသစတဲ့ သင်တန်းတွေကို မေလ ၉ ရက်နေ့မှာ စတင် ဖွင့်လှစ်သင်ကြားဖို့ ရှိနေတာပါ။ အဲ့ဒီ သင်တန်းတွေကို အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်း ကိုယ်အင်္ဂါ မသန်စွမ်းသူတွေ တက်ရောက်နိုင်ကြမှာဖြစ်ပြီး သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း သင်ထောက်ကူ ပစ္စည်းတွေ အခမဲ့ထုတ်ပေးမယ့်အပြင် အဆောင်နေစရိတ်၊ စားစရိတ်တွေကိုပါ တာဝန်ယူပေးမယ့် အပြင် လစဉ်ထောက်ပံ့ကြေးငွေတွေကိုပါ ပေးအပ်သွားဖို့ရှိနေတာပါ။ သင်တန်းတက်ေရာက် လိုသူတွေအနေနဲ့ မသန်စွမ်းသက်ကြီး သင်တန်းကျောင်း အမှတ် (၆၅) ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ် ဖုန်း ဝ၁-၉၆၆၁၇၁၂၊ ဝ၉- ၄၂၁၀ဝ၃၅၆၀ နဲ့ ဝ၉-၅၀၃၄၆၉၁ တို့ ဆက်သွယ် စုံစမ်းနိုင်ကြမှာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)