နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် အနေနဲ့ပါတီရဲ့အရေးပေါ်ညီလာခံ ကျင်းပနိုင်ရေး တောင်းဆို

0
317

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဌ၊ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် အနေနဲ့ ပါတီရဲ့အရေးပေါ်ညီလာခံ ကျင်းပနိုင်ရေး ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကို ခေါ်ယူ ကျင်းပပေးဖို့ ပါတီဗဟိုကော်မတီဝင်တွေက တောင်းဆိုလိုက်ပါတယ်။

ဧပြီလ ၂၉ ရက်နေ့ ရက်စွဲနဲ့ ပါတီဗဟိုကော်မတီဝင် တွေကိုယ်စား ဦးဇော်မြင့်ဖေက လက်မှတ်ရေးထိုးပြီး တောင်းဆိုကြောင်း စာကို ထုတ်ပြန်လာတာပါ။ အဲ့ဒီလို တောင်းဆိုရာမှာတော့ မေလ ၂၈ ရက်နေ့ ၂၉ ရက်နေ့တွေမှာ ကျင်းပပေးဖို့ တိုက်တွန်းထားပြီး ပါတီတွင်း စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်ရေး၊ ပါတီရဲ့ ဦးဆောင်မှုအခန်းကဏ္ဍမြှင့်တင်နိုင်ရေးနဲ့ ပါတီ အမှုဆောင်အဆင့်ဆင့်ကို ပြန်လည်ရွေးချယ် ဖွဲ့စည်းနိုင်ရေးတို့ကို အဓိကထား ဆွေးနွေးပေးဖို့ တောင်းဆိုထား တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)