ၿငိမ္းခ်မ္းေရးနဲ႔ ေျခ-ဥ ျပႆနာ ေဆြးေႏြးခ်က္ေတြကို သက္ဆုိင္တဲ့ အဖြဲ႕ေတြဆီ ေပးပို႔မယ္

0
448

ၿငိမ္းခ်မ္းေရး၊ဖြဲ႔စည္းပုံအေျခခံဥပေဒျပႆနာနဲ႔ ပတ္သက္တဲ႔ ေဆြးေႏြးခ်က္၄ခ်က္ကုိ သက္ဆုိင္ရာ အဖြဲ႕အစည္းေတြကုိေပးပု႔ိသြားမွာျဖစ္ပါတယ္။ ဒီသတင္းကုိMCN သတင္းေထာက္သႏၱာမုိး ကေပးပုိ႔ထားပါတယ္။

မတ္လ၁၇ရက္ေန႔က ၈၈မ်ဳိးဆက္ေတြအပါအ၀င္ ဒီမုိကေရစီေရး လုပ္ေဖာ္ကုိင္ဖက္ အေယာက္၂၀ဦး ပါ၀င္ၿပီး ၿငိမ္းခ်မ္းေရးဆုိင္ရာေဆြးေႏြးခ်က္ေတြ၊ဖြဲ႕စည္းအေျခခံဥပေဒဆုိင္ရာ ေဆြးေႏြးခ်က္ေတြ၊ ဆက္စပ္ကိစၥရပ္ေတြ ဆုိင္ရာ ေဆြးေႏြးခ်က္ေတြ၊ မဟာမိတ္အေရးဆုိင္ရာေဆြးေႏြးခ်က္ေတြစတဲ႔ ေခါင္းစဥ္ေလးခုနဲ႔ ၿငိမ္းခ်မ္းေရးနဲ႔ ဖြဲ႔စည္းပုံ အေျခခံဥပေဒျပႆနာ ေဆြးေႏြးပြဲ ျပဳလုပ္ခဲ႔ၾကတာ လည္းျဖစ္ပါတယ္။

အဲဒီေဆြးေႏြးပြဲက ရလဒ္ေတြကုိ ၿငိမ္းခ်မ္းေရးပတ္သက္တဲ႔ သက္ဆုိင္တဲ႔ အဖြဲ႔အစည္းေတြကုိ ေပးပုိ႔ သြားမွာ ျဖစ္တယ္လုိ႔ ဒီမိုကေရစီေရး လုပ္ေဖာ္ကိုင္ဖက္မ်ားအဖဲြ႔၀င္ေတြက ေျပာပါတယ္။

မတ္လ ၃၀ရက္ေန႔က ရန္ကုန္ၿမိဳ႕ ရန္ကုန္ႏိုင္ငံေရးသိပၸံေက်ာင္းမွာျပဳလုပ္တဲ့ ၿငိ္မ္းခ်မ္းေရးနဲ႔ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပႆနာအေၾကာင္း သတင္းစာရွင္းပြဲျပဳလုပ္ခ့ဲတာပါ။

Soundbite ကုိျမေအး (၈၈မ်ဳိးဆက္)

ၿငိမ္းခ်မ္းေရးႏွင္႔ဖြဲ႔စည္းပုံ အေျခခံဥပေဒျပႆနာ ေတြရဲ႕ေတြ႔ရွိခ်က္ေတြကုိ သက္ဆုိင္ရာ အဖြဲ႔အစည္း ေတြက ထည္႔သြင္းစဥ္စားေပးဖုိ႔နဲ႔မဟာမိတ္ဆက္ဆံေရးကုိျပန္လည္တည္ေဆာက္ ေပးဖုိ႔လည္းေမွ်ာ္လင္႔ထား တယ္လုိ႔ ၈၈မ်ဳိးဆက္ကကုိတင္ေအးကေျပာပါတယ္။

Soundbite ကုိတင္ေအး (၈၈မ်ဳိးဆက္)

ဒါအျပင္ ဖြဲ႔စည္းပုံျပင္ဆင္ေရးက နုိင္ငံေရးျပႆနာျဖစ္ၿပီး ျပင္ဆင္ခ်င္ရင္ျပင္လုိ႔ရတယ္လုိ႔ ၈၈မ်ဳိးဆက္က ကုိဆန္နီကေျပာပါတယ္။

Soundbite ကုိဆန္နီ (၈၈မ်ဳိးဆက္)

ၿငိမ္းခ်မ္းေရး ႏွင္႔ဖြဲ႔စည္းပုံ အေျခခံဥပေဒျပႆနာ ေဆြးေႏြးပြဲက စုစည္းရရွိခ်က္ေတြျဖစ္တဲ႔ အမ်ဳိးသားအဆင္႔ နုိင္ငံေရးေဆြးေႏြးပြဲေတြကုိ လြတ္လပ္စြာက်င္းပခြင္႔ ရရွိေရးအပါအ၀င္အခ်က္ ၅ခ်က္နဲ႔စည္းဖြဲ႔ပုံ အေျခခံဥပေဒ အေပၚ ျပည္လုံးကၽႊတ္ ဆႏၵခံယူပြဲအပါအ၀င္အခ်က္ ၂ခ်က္ကုိသက္ဆုိင္ရာ အဖြဲ႔အစည္းေတြဆီေပး ပုိ႔သြားမွာျဖစ္ပါတယ္ရွင္။

ငြိမ်းချမ်းရေး၊ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာနဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်၄ချက်ကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုပေးပို့သွားမှာဖြစ်ပါတယ်။ ဒီသတင်းကိုMCN သတင်းထောက်သန္တာမိုး ကပေးပို့ထားပါတယ်။

မတ်လ၁၇ရက်နေ့က ၈၈မျိုးဆက်တွေအပါအဝင် ဒီမိုကရေစီရေး လုပ်ဖော်ကိုင်ဖက် အယောက်၂၀ဦး ပါဝင်ပြီး ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးချက်တွေ၊ဖွဲ့စည်းအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးချက်တွေ၊ ဆက်စပ်ကိစ္စရပ်တွေ ဆိုင်ရာ ဆွေးနွေးချက်တွေ၊ မဟာမိတ်အရေးဆိုင်ရာဆွေးနွေးချက်တွေစတဲ့ ခေါင်းစဉ်လေးခုနဲ့ ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြဿနာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြတာ လည်းဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲက ရလဒ်တွေကို ငြိမ်းချမ်းရေးပတ်သက်တဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ပေးပို့ သွားမှာ ဖြစ်တယ်လို့ ဒီမိုကရေစီရေး လုပ်ဖော်ကိုင်ဖက်များအဖွဲ့ဝင်တွေက ပြောပါတယ်။

မတ်လ ၃၀ရက်နေ့က ရန်ကုန်မြို့ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှာပြုလုပ်တဲ့ ငြိ်မ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာအကြောင်း သတင်းစာရှင်းပွဲပြုလုပ်ခဲ့တာပါ။

Soundbite ကိုမြအေး (၈၈မျိုးဆက်)

ငြိမ်းချမ်းရေးနှင့်ဖွဲ့စည်းပုံ အခြေခံဥပဒေပြဿနာ တွေရဲ့တွေ့ရှိချက်တွေကို သက်ဆိုင်ရာ အဖွဲ့အစည်း တွေက ထည့်သွင်းစဉ်စားပေးဖို့နဲ့မဟာမိတ်ဆက်ဆံရေးကိုပြန်လည်တည်ဆောက် ပေးဖို့လည်းမျှော်လင့်ထား တယ်လို့ ၈၈မျိုးဆက်ကကိုတင်အေးကပြောပါတယ်။

Soundbite ကိုတင်အေး (၈၈မျိုးဆက်)

ဒါအပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးက နိုင်ငံရေးပြဿနာဖြစ်ပြီး ပြင်ဆင်ချင်ရင်ပြင်လို့ရတယ်လို့ ၈၈မျိုးဆက်က ကိုဆန်နီကပြောပါတယ်။

Soundbite ကိုဆန်နီ (၈၈မျိုးဆက်)

ငြိမ်းချမ်းရေး နှင့်ဖွဲ့စည်းပုံ အခြေခံဥပဒေပြဿနာ ဆွေးနွေးပွဲက စုစည်းရရှိချက်တွေဖြစ်တဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို လွတ်လပ်စွာကျင်းပခွင့် ရရှိရေးအပါအဝင်အချက် ၅ချက်နဲ့စည်းဖွဲ့ပုံ အခြေခံဥပဒေ အပေါ် ပြည်လုံးကျွှတ် ဆန္ဒခံယူပွဲအပါအဝင်အချက် ၂ချက်ကိုသက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီပေး ပို့သွားမှာဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)