ဝန်ကြီးတွေ ပြောင်းသင့်တာ ပြောင်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

0
261

NLD အစိုးရအဖွဲ့မှာ တချို့သော ဝန်ကြီးတွေ၊ တာဝန်ရှိသူတွေဟာ တာဝန်ကို ကောင်းကောင်း မထမ်းဆောင်ဘူးလို့ ပြည်သူတွေ ဝေဖန်ချက် ရှိနေတာနဲ့ ပတ်သက်လို့ အချိန်က အဖြေပေးလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

“ကျွန်မတို့ ရွေးချယ်ထားတဲ့ ၀န်ကြီးများအားလုံးဟာ အားလုံး အတော်ဆုံးလား၊ အကောင်းဆုံးလား ဆိုတာကို အချိန်က ပြောကြားသွားမှာပါ။ တိုးတက်မှုမှာ တချို့က ပိုနှေးတယ်၊ တချို့ ပိုမြန်တယ်၊ တချို့ကလည်း ရောက်နေတဲ့နေရာနဲ့ သင့်တော်ချင်မှ သင့်တော်မယ်။ ဒါတွေကတော့ ကျမတို့ ကြည့်ပြီးတော့ ပြောင်းသင့်ပြောင်းထိုက်ရင် ပြောင်းရမှာပဲ” လို့ NLD အစိုးရ တာဝန်ယူမှု တစ်နှစ်ပြည့် မိန့်ခွန်းမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။

အစိုးရအတွင်း အပြောင်းအလဲနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က ပွင့်လင်းမြင်သာစေရမယ်၊ တာဝန်ယူမှု ရှိစေရမယ်လို့ အာမခံသွားပါတယ်။

“ကျွန်မတို့ ကြည့်ပြီးတော့ ပြောင်းသင့်ပြောင်းထိုက်ရင် ပြောင်းရမှာပဲ။ ဒါကို ပြည်သူတွေကလည်း ဒီကိစ္စတွေကို သိပိုင်ခွင့်ရှိပါတယ်။ အစိုးရတစ်ရပ်ဟာ ဘာလုပ်နေတယ်၊ ဘယ်လို ရည်ရွယ်ချက်ရှိတယ်ဆိုတာကို ပြည်သူက သိပိုင်ခွင့်ရှိပါတယ်။ ပြည်သူကို မပြောဘူးဆိုတာက ပြည်သူကို မယုံကြည်ဘူး၊ ပြည်သူက အရည်အချင်း မရှိဘူးလို့ သတ်မှတ်သလိုပါပဲ” လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)