ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ပြည်သူတွေ ထည့်ဝင် လှူဒါန်းမှု ၁၄ ဘီလီယံကျပ် ရရှိ

0
292

မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တည်ထောင်ပြီးနောက် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ပြည်သူတွေ ထည့်ဝင် လှူဒါန်းမှု ကျပ် ၁၄ ဘီလီယံကျပ်အထိ ရရှိလို့ အားရကျေနပ်မိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

NLD အစိုးရ တာဝန်ယူမှု တစ်နှစ်ပြည့် မိန့်ခွန်းမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုသွားတာ ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အပြင် ပြည်သူတွေရဲ့ ၅ ထောင်၊ ၁ သောင်း ထည့်ဝင်မှုမျိုးတွေ တွေ့ရလို့ အလွန် ကျေနပ်မိတယ်လို့ ထည့်သွင်း ပြောဆိုသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းအပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင်တွေအနက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) စာချုပ်မှာ လက်မှတ် မရေးထိုးရသေးတဲ့ အဖွဲ့ ၅ ဖွဲ့ဟာ လက်မှတ်ရေးထိုးဖို့ သဘောတူလိုက်ပြီလို့ ရုတ်ချည်းကြေညာခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)