ပြည်သူ့ ဘဏ္ဍာကို ကိုယ်ပိုင်ငွေလို NLD မသုံးခဲ့

0
287

ပြည်သူ့ဘဏ္ဍာငွေကို ကိုယ်ပိုင်ငွေလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနဲ့ မသုံးခဲ့ပါဘူးလို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

ပြည်သူ့ဘဏ္ဍာငွေကို ကိုယ်ပိုင်ငွေလို NLD က မသုံးခဲ့ကြောင်းနဲ့ တာဝန်ရှိစွာ သုံးခဲ့တာ ဖြစ်ကြောင်း ဒီနေ့ ည NLD အစိုးရ တာဝန်ယူမှု တစ်နှစ်ပြည့် မိန့်ခွန်းမှာ ပြောသွားပါတယ်။

ဘတ်ဂျက်ငွေတွေကို စိစစ်ပြီး သုံးစွဲတာကြောင့် ပိုလျှံငွေ ကျပ်သန်းများစွာ ရှိခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်မှုတွေ ရှိခဲ့ပါတယ်။

ယခင်ကတော့ အစိုးရရဲ့ စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်ပြီး “ပြည်သူတွေ ကြားမှာ မင်းဘဏ္ဍာ ငါ့ဟာ မှတ်ပါလို့ ဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်” လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို နားထောင်အပြီး မှတ်ချက်ပေးပါတယ်။

အဂတိ လေးပါး ဆိုတာမှာ ငွေတစ်ခုထဲမဟုတ်ဘဲ ဆန္ဒာ ဂတိ၊ ဘယာ ဂတိ၊ ဒေါသာ ဂတိ၊ မောဟာ ဂတိ ဆိုတဲ့အတိုင်း ကိုယ်တိုင်က စိတ်ပါလို့၊ ကြောက်လို့၊ စိတ်တိုလို့၊ တွေဝေလို့ ဆိုတာတွေ အကုန်ပါတယ်လို့လည်း သတိပေး ပြောကြားသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)