ရခိုင်အရေး ကုလ ဆုံးဖြတ်ချက် မြန်မာနိုင်ငံနဲ့ မကိုက်ညီလို့ လက်မခံ

0
324

ရခိုင်ပြည်နယ်က မွတ်စလင် အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက အချက်အလက် စုံစမ်းရေးအဖွဲ့ စေလွှတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံနဲ့ မကိုက်ညီလို့ လက်မခံတာသာ ဖြစ်ပြီး ကုလသမဂ္ဂကို မလေးစားတာ မဟုတ်ဘူးလို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

ကိုယ့်နိုင်ငံပြည်တွင်းရေးကို ကိုယ်သာ အသိဆုံး ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီက လူ့အခွင့်အရေး ကောင်စီကို ရခိုင်ကိစ္စ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ တောင်းဆိုထားပါတယ်။ အဲဒီနောက် ကုလသမဂ္ဂမှာ ရခိုင်ကိစ္စ အချက်အလက် ရှာဖွေရေး အဖွဲ့ စေလွှတ်ဖို့ ကုလသမဂ္ဂက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရက ဆုံးဖြတ်ချက်ကို လက်မခံကြောင်း တရားဝင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာကလည်း ဖိအားတွေ ပေးလာတဲ့ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်က ဘာ့ကြောင့် လက်မခံသလဲဆိုတာကို ထုတ်ဖော် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)