UNFC အဖွဲ့ဝင် ၅ ဖွဲ့ လက်မှတ်ထိုးဖို့ သဘောတူလိုက်ပြီ

0
322

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင်တွေအနက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) စာချုပ်မှာ လက်မှတ် မရေးထိုးရသေးတဲ့ အဖွဲ့ ၅ ဖွဲ့ဟာ လက်မှတ်ရေးထိုးဖို့ သဘောတူလိုက်ပါပြီ။

ဒီကနေ့ ညနေ ဒေါ်အောင်ဆန်းစုကြည်က NLD အစိုးရ တာဝန်ယူမှု တစ်နှစ်ပြည့် မိန့်ခွန်း ပြောအပြီး ချက်ချင်းဆိုသလို လက်မှတ်ရေးထိုးဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။

သဘောတူလိုက်တဲ့ အဖွဲ့တွေကတော့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နဲ့ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ ဖြစ်ကြပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု သဘောတူစာချုပ် (NCA) ဟာ နိုင်ငံရေး ဆွေးနွေးမှု၊ အပစ်ရပ် စောင့်ကြည့်မှုနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိုပါ အာမခံချက် ရှိတာကို လေ့လာတွေ့ရှိရတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ကချင်ပြည်နယ် ခရီးစဉ် အတွင်း ပြောဆိုခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)