တိုက်ပွဲဖြစ်နေတဲ့ မြန်မာနယ်စပ်မှာ တရုတ်က စစ်ရေးလေ့ကျင့်

0
264

တပ်မတော်နဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပြီး စစ်ပြေးဒုက္ခသည်တွေ နယ်စပ်ကို ဖြတ်တဲ့ နေရာတွေမှာ တရုတ်နိုင်ငံက ကြည်းတပ်၊ လေတပ်တွေနဲ့ စစ်ရေးပြမှုတွေ လုပ်နေပါတယ်။

ဘေဂျင်းအစိုးရအနေနဲ့ နိုင်ငံတော်ကို ကာကွယ်ရေးနဲ့ အမျိုးသား လုံခြုံရေးကို အလေးထားကြောင်း ပြသဖို့ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

တရုတ်နဲ့ မြန်မာဟာ နယ်စပ်တလျှောက် ၁၃၆၇ မိုင် ထိစပ်နေပြီး နယ်စပ်တွေမှာ ၁၉၄၈ ကတည်းက စပြီး မြန်မာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ တိုက်ပွဲတွေ ဖြစ်နေခဲ့ပါတယ်။ လောက်ကိုင် တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ လအတွင်း လူ ၃၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)