ရန်ကုန်သင်္ကြန်မှာ လုံခြုံရေး ၈ ထောင် ချထားမယ်

0
400

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့မှာ လုံခြုံရေး ၈ ထောင် ချထားမှာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင် ၅ ထောင်ကျော်၊ ယာဉ်ထိန်းရဲ ၁ ထောင်ကျော်နဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁ ထောင်ကျော် ပါဝင်မှာ ဖြစ်ပါတယ်။

အရက် အလွန်အကျွံ မသောက်ဖို့၊ ရေကစား မဏ္ဍပ်မှာ အလုံပိတ်ခန်းတွေ၊ အရက်ဝိုင်းတွေ မထားဖို့ အစိုးရက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ရန်ကုန်မြို့မှာ မဏ္ဍပ်အကြီး ၂၂ ခု၊ အလတ်စား ၁၀ ခုနဲ့ အသေးစား ၂၇ ခု ခွင့်ပြုပေးထားပါယ်။

ကင်းလှည့်မယ့် ရဲကားတွေလည်း ရှိနေမှာဖြစ်ပြီး လုံခြုံရေးအတွက် လူထူထပ်တဲ့ နေရာတွေမှာ CCTV ကင်မရာတွေလည်း တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

မနှစ်တုန်းကတော့ တစ်ဦးသေပြီး ၂၄ ဦး ဒဏ်ရာရမှု အပါအဝင် အမှုအခင်းပေါင်း ၈၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)