မောင်တောမှာ ရာအိမ်မှူးနဲ့ ဇနီးဖြစ်သူတို့ ဓားခုတ်ခံရ

0
335

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွာသစ်ကေ ကျေးရွာ ရာအိမ်မှူးနဲ့ ဇနီးတို့ နေအိမ်မှာ ရှိစဉ် ဓားနဲ့ ဝိုင်းခုတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

ရာအိမ်မှူး နုရ်အာမိန်နဲ့ ဇနီးနုဟာဘတ် တို့ဟာ နေအိမ်မှာ အိပ်ပျော်နေစဉ် တစ်ရွာတည်းနေ ဟာဘီအူလာ နဲ့ အပေါင်းအပါ လေးဦးက သူတို့ အဖွဲ့ဝင်တွေ အဖမ်းခံရတာ ရာအိမ်မှူးတို့ကြောင့် ဖြစ်ကြောင်းနဲ့ ပြန်လွှတ်ပေးဖို့ လုပ်ပေးဖို့ ပြောပြီး ဓားနဲ့ ဝိုင်းခုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

နုရ်အာမိန်က ပြန်လည် ခုခံခဲ့ပြီး ဒဏ်ရာ ရှစ်ချက်၊ ဇနီဖြစ်သူက ဓားဒဏ်ရာ နှစ်ချက် ရရှိခဲ့တာကြောင့် မောင်တော ပြည်သူ့ဆေးရုံကို ပို့ခဲ့ရပါတယ်။ ပြစ်မှု ကျူးလွန်သူ လေးဦးကတော့ ထွက်ပြေးလွတ်မြောက်နေပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)