တိုင်းရင်းသူ မအေးချမ်းအောင်ကို ဖေဖော်ဝါရီလအတွက် ချီးကျူး ဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်

0
292

ဖေဖော်ဝါရီလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် အမြင်အာရုံ ပျောက်ဆုံးခဲ့ရတဲ့ အသက် ၂၇ နှစ်အရွယ် မအေးချမ်းအောင်ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်လိုက်ပါတယ်။

မအေးချမ်းအောင်ဟာ ရခိုင်တိုင်းရင်းသား ဖခင် ဦးမြင့်အောင်နဲ့ ဓနုတိုင်းရင်းသူ မိခင် ဒေါက်တာ ဒေါ်သန်းနုတို့ကနေ ၁၉၉၀ မှာ အောင်ပန်းမြို့မှာ မွေးခဲ့တာပါ။ မွေးစဉ်ကတည်းက ညာဘက် မျက်စိ အမြင်အာရုံ ချို့ယွင်းခဲ့ပါတယ်။

အသက် ၁၀ နှစ်အရွယ်မှာ ကျန် တဖက်ပါ အလင်းကွယ်ခဲ့ပေမယ့် မိခင်ဖြစ်သူရဲ့ အားပေးမှုနဲ့ ၂၀၀၆ ခုနှစ်မှာ အခြေခံပညာ အထက်တန်းကို ဂုဏ်ထူး ၃ ဘာသာနဲ့ အောင်မြင်ခဲ့ပါတယ်။ ၂၀၁၀ မှာတော့ မန္တလေး နိုင်ငံခြား ဘာသာ တက္ကသိုလ်ကနေ အင်္ဂလိပ်စာနဲ့ ဘွဲ့ရခဲ့ပါတယ်။

မအေးချမ်းအောင်ဟာ နိုင်ငံခြား တက္ကသိုလ် တစ်ခုကနေ ပြည်သူ့ရေးရာ မူဝါဒ ဘာသာရပ်နဲ့ မဟာဘွဲ့ယူဖို့ ရည်ရွယ်ထားပါတယ်။ အခုအခါမှာ မအေးချမ်းအောင်ဟာ အောင်ပန်းမြို့မှာ နေထိုင်ရင်း အင်္ဂလိပ်-မြန်မာ ဘာသာပြန်လုပ်ငန်း လုပ်ကိုင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)