အကြမ်းဖက်ရန် ကြံစည်မှုကြောင့် ဖမ်းဆီးခံရသူ နှစ်ဦးရဲ့ မိသားစုဝင်တွေကို မီဒီယာတွေ သွားတွေ့

0
292

ရခိုင်ပြည်နယ်၊ မောင်တောဒေသရောက် မီဒီယာအဖွဲ့ဟာ ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာ၊ တင်းမေ ကျေးရွာတို့ကို သွားရောက်ပြီး အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ အဖမ်းခံထားရသူတွေထဲက နှစ်ဦးရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံ မေးမြန်းခဲ့ကြပါတယ်။

အကြမ်းဖက် တိုက်ခိုက်ဖို့ သင်တန်းဖွင့်လှစ်မှုကြောင့် ဖမ်းဆီးထားသူ ၁၇ ဦး ရှိပါတယ်။ တောင်ဘဇာ ကျေးရွာနဲ့ တင်းမေ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တောင်ဘဇာ နေယ်မြေ ရဲစခန်းမှူး ရဲအုပ် ထွန်းနိုင်တို့နဲ့လည်း မီဒီယာအဖွဲ့က တွေ့ဆုံပါတယ်။

ပြည်တွင်း ပြည်ပ သတင်းဌာနတွေက မီဒီယာသမား ၁၈ ဦး ပါဝင်တဲ့အဖွဲ့ဟာ မတ်လ ၂၈ ရက်ကနေ ဧပြီလ ၁ ရက်နေ့အထိ ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းရဲ့ စီစဉ်မှုနဲ့ မောင်တောဒေသမှာ သွားရောက် သတင်းယူကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)