အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ရခိုင်အမျိုးသားပါတီက ဝေဖန်လိုက်တဲ့သတင်း

0
304

အမျိုးသားရင်ကြားစေ့ရေးအတွက် တိုင်းရင်းသားတွေရဲ့ လိုလားချက်ကို လိုက်လျှောနိုင်တဲ့ အခြေအနေရှိပါလျှက်နဲ့ ဥပေက္ခာပြုခဲ့တဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ရခိုင်အမျိုးသားပါတီက ဝေဖန်လိုက်ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် ခန့်ထားမှုနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးကနေ ထွက်ခဲ့တဲ့အပေါ် MCN သတင်းဌာနက ဆက်သွယ်မေးမြန်းစဉ် အဲ့ဒီပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက အဲ့ဒီလို ဝေဖန်ပြောကြားလိုက်တာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသူသာ ပြည်နယ်နဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်တွေကို ခန့်အပ်ပိုင်ခွင့် ရှိနေတာဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၂၉) ရက် အင်္ဂါနေ့

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)