ရခိုင်ပြည်နယ်ကို အရေးပေါ်အခြေအနေကြေညာထားတာကို နိုင်ငံတော်သမ္မတက ရုပ်သိမ်း

0
274

ရခိုင်ပြည်နယ်ကို အရေးပေါ်အခြေအနေကြေညာထားတာကို နိုင်ငံတော်သမ္မတက ရုပ်သိမ်းကြောင်း ထုတ်ပြန်ကြေညာလာပါတယ်။ ၂၀၁၆ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ရက်စွဲနဲ့ လက်ရှိနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထုတ်ပြန် ကြေညာလိုက်တာပါ။ အဲ့ဒီလို ထုတ်ပြန်ကြေညာတဲ့နေရာမှာတော့ ရခိုင်ပြည် နယ်အစိုးရရဲ့ တင်ပြချက်တွေအရ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ထိပါးအန္တရာယ်ပြုမယ့် အခြေအနေတွေ မရှိတော့တာကြောင့် ၂၀၁၂ ခုနှစ်က ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အနေနဲ့ ထုတ်ပြန်ခဲ့တဲ့ အရေးပေါ်အခြေအနေကို ရုပ်သိမ်းကြောင်း ကြေညာလာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် တုန်းက ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးကိုအခြေခံတဲ့ ပဋိပက္ခတွေကြောင့် ဒေသခံပြည်သူတွေ အသက်အိုး အိမ်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ရပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၂၉) ရက် အင်္ဂါနေ့

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)