စေတကာ အမည္းကပ္ စီးတီးတကၠစီေတြကို အေရးယူမယ္

0
2152

ရန္ကုန္ၿမိဳ႕မွာ စေတကာ အမည္းကပ္ၿပီး ေျပးဆြဲေနတဲ့ စီးတီးတကၠစီေတြကို ေဖေဖာ္ဝါရီလ ပထမပတ္ကစၿပီး အေရးယူသြားမွာ ျဖစ္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကြဲမႈ အာဏာပိုင္အဖြဲ႔က စီးတီးတကၠစီေတြကို ၾကပ္မတ္ ကြပ္ကဲသြားဖို႔ အစီအစဥ္ ရွိၿပီး ကားမွန္မွာ စေတကာ ကပ္တာေတြကို စိစစ္အေရးယူမႈေတြ စတင္လုပ္ေဆာင္မွာ ျဖစ္ပါတယ္။ တကၠစီသမား တခ်ိဳ႕ ဒုစ႐ိုက္မႈ က်ဴးလြန္ခဲ့တဲ့အတြက္ အခုလို စိစစ္အေရးယူတာ ျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕မွာ စီးတီးတကၠစီအျဖစ္ မွတ္ပံုတင္ထားတဲ့ ကား ၆ ေသာင္းခန္႔ရွိၿပီး နယ္လိုင္စင္ကားေတြကိုပါ ထည့္တြက္ရင္ အေရအတြက္ ပိုမ်ားမွာ ျဖစ္ပါတယ္။ နယ္လိုင္စင္ တကၠစီေတြကို ၿမိဳ႕အဝင္ဂိတ္ေတြမွာ မွတ္တမ္းရယူၿပီး အခြန္ေကာက္ခံျခင္းနဲ႔ ကန္႔သတ္ထိန္းခ်ဳပ္သြားမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စတေကာ အမည်းကပ် စီးတီးတက္ကစီတွေကို အရေးယူမယ်

ရန်ကုန်မြိုကမှာ စတေကာ အမည်းကပ်ပြီး ပြေးဆွဲနေတဲ့ စီးတီးတက္ကစီတွေကို ဖေဖော်ဝါရီလ ပထမပတ်ကစပြီး အရေးယူသွားမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကွဲမှု အာဏာပိုင်အဖွဲ့က စီးတီးတက္ကစီတွေကို ကြပ်မတ် ကွပ်ကဲသွားဖို့ အစီအစဉ် ရှိပြီး ကားမှန်မှာ စတေကာ ကပ်တာတွေကို စိစစ်အရေးယူမှုတွေ စတင်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ တက္ကစီသမား တချို့ ဒုစရိုက်မှု ကျူးလွန်ခဲ့တဲ့အတွက် အခုလို စိစစ်အရေးယူတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ထားတဲ့ ကား ၆ သောင်းခန့်ရှိပြီး နယ်လိုင်စင်ကားတွေကိုပါ ထည့်တွက်ရင် အရေအတွက် ပိုများမှာ ဖြစ်ပါတယ်။ နယ်လိုင်စင် တက္ကစီတွေကို မြို့အဝင်ဂိတ်တွေမှာ မှတ်တမ်းရယူပြီး အခွန်ကောက်ခံခြင်းနဲ့ ကန့်သတ်ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)