ရခိုင္ျပည္နယ္မွာ မူးယစ္ေဆးေတြ ဆက္တိုက္ဖမ္းမိ

0
2215

ရခိုင္ျပည္နယ္၊ မဂၤလာႀကီး (၂) ရဲကင္းစခန္းနဲ႔ ျပင္ျဖဴေခ်ာင္းဝ ရဲကင္းစခန္းၾကား နယ္စပ္ၿခံစည္း႐ုိးမွာ ဇန္နဝါရီ ၂၈ ရက္ေန႔က ဆာလာအိတ္ ႏွစ္လံုးေတြ႔ရွိၿပီး ဆာလာအိတ္ထဲက ဘီယာဘူး တစ္ဘူးအတြင္းမွာ ေငြက်ပ္ ၁၉ သိန္းေက်ာ္ တန္ဖိုးရွိ စိတ္ၾကြေဆးျပား ၉၅၄ ျပား သိမ္းဆည္းရမိပါတယ္။

ဇန္နဝါရီလ ၂၆ ရက္ေန႔ကလည္း ေမာင္ေတာၿမိဳ႕နယ္၊ ေမာင္နီ အလယ္ေက်းရြာေန ဟာေဆာင္း (၄၂ ႏွစ္) ရဲ႕ ေနအိမ္ကို သတင္းအရ ဝင္ေရာက္ ရွာေဖြရာမွာ ဟာေဆာင္းက ထြက္ေျပး လြတ္ေျမာက္သြားပါတယ္။ ေနအိမ္မွာ ရပ္ထားတဲ့ ေထာလာဂ်ီေပၚမွာ ေျမသားနဲ႔ ဖံုးအုပ္ထားတဲ့ ဆာလာအိတ္ ၇ အထုတ္ထဲက ေငြက်ပ္ သိန္း ၂ ေသာင္း တန္ဖိုးရွိ စိတ္ၾကြေဆးျပား ၁၂ သိန္းကို သိမ္းဆည္းရမိပါတယ္။

နတ္ျမစ္အတြင္း ဇန္နဝါရီလ ၂၆ ရက္ေန႔မွာပဲ မသကၤာဖြယ္ ေလွကို လိုက္လံဖမ္းဆီးရာမွာ ေမာင္နီေက်းရြာက အမ်ိဳးသား ၄ ဦးကုိ စိတ္ၾကြေဆးျပား ၁၉၅၀၀ ျပားနဲ႔အတူ ဖမ္းဆီးရမိပါတယ္။ ဇန္နဝါရီလ ၂၄ ရက္ေန႔ကလည္း အုန္းေတာႀကီး ကယ္ဆယ္ေရးစခန္းအနီး ေမာင္းႏွင္ထြက္ေျပးတဲ့ ဆိုင္ကယ္ေပၚက ျပဳတ္က်ခဲ့တဲ့ အိတ္ထဲကေန က်ပ္သိန္း ၁၅၀၀ တန္ဖိုးရွိ စိတ္ၾကြေဆးျပား ၅ ေသာင္း သိမ္းဆည္းရမိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးတွေ ဆက်တိုက်ဖမ်းမိ

ရခိုင်ပြည်နယ်၊ မင်္ဂလာကြီး (၂) ရဲကင်းစခန်းနဲ့ ပြင်ဖြူချောင်းဝ ရဲကင်းစခန်းကြား နယ်စပ်ခြံစည်းရိုးမှာ ဇန်နဝါရီ ၂၈ ရက်နေ့က ဆာလာအိတ် နှစ်လုံးတွေ့ရှိပြီး ဆာလာအိတ်ထဲက ဘီယာဘူး တစ်ဘူးအတွင်းမှာ ငွေကျပ် ၁၉ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၉၅၄ ပြား သိမ်းဆည်းရမိပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ မောင်နီ အလယ်ကျေးရွာနေ ဟာဆောင်း (၄၂ နှစ်) ရဲ့ နေအိမ်ကို သတင်းအရ ဝင်ရောက် ရှာဖွေရာမှာ ဟာဆောင်းက ထွက်ပြေး လွတ်မြောက်သွားပါတယ်။ နေအိမ်မှာ ရပ်ထားတဲ့ ထောလာဂျီပေါ်မှာ မြေသားနဲ့ ဖုံးအုပ်ထားတဲ့ ဆာလာအိတ် ၇ အထုတ်ထဲက ငွေကျပ် သိန်း ၂ သောင်း တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၂ သိန်းကို သိမ်းဆည်းရမိပါတယ်။

နတ်မြစ်အတွင်း ဇန်နဝါရီလ ၂၆ ရက်နေ့မှာပဲ မသင်္ကာဖွယ် လှေကို လိုက်လံဖမ်းဆီးရာမှာ မောင်နီကျေးရွာက အမျိုးသား ၄ ဦးကို စိတ်ကြွဆေးပြား ၁၉၅၀ဝ ပြားနဲ့အတူ ဖမ်းဆီးရမိပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း အုန်းတောကြီး ကယ်ဆယ်ရေးစခန်းအနီး မောင်းနှင်ထွက်ပြေးတဲ့ ဆိုင်ကယ်ပေါ်က ပြုတ်ကျခဲ့တဲ့ အိတ်ထဲကနေ ကျပ်သိန်း ၁၅၀ဝ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သောင်း သိမ်းဆည်းရမိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)