ဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးနဲ႔ ကမာၻ႔ဘဏ္က တာဝန္ရွိသူ ေတြ႔ဆံု ေဆြးေႏြး

0
2072

လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန ေဒါက္တာ ဝင္းျမတ္ေအးနဲ႔ ကမာၻ႔ဘဏ္က ျမန္မာႏိုင္ငံဆိုင္ရာ လူမႈဖူလံုေရးႏွင့္ အလုပ္အကိုင္ဆိုင္ရာ ဒါ႐ိုက္တာ မစၥတာ စတင္း ေလာ ဂ်ာဂင္ဆင္တို႔ မေန႔က ဇန္နဝါရီ ၂၉ ရက္ ေနျပည္ေတာ္မွာ ေတြ႔ဆံုေဆြးေႏြးပါတယ္။

ကိုယ္ဝန္ေဆာင္မိခင္နဲ႔ အသက္ ၂ ႏွစ္အထိ ကေလးငယ္ေတြကို ေငြေၾကးေထာက္ပံ့ေရး အစီအစဥ္ (MCCT Program) တိုးခ်ဲ႕ေရး ကူညီေရး၊ ရခိုင္ျပည္နယ္အတြင္း လူသားခ်င္းစာနာမႈ အကူအညီ အေထာက္အပံ့ေပးေရး၊ ျပန္လည္ေနရာခ်ထားေရးႏွင့္ ဖြံ႔ၿဖိဳးေရးစီမံကိန္း (UEHRD) အတြက္ လူသားခ်င္း စာနာမႈ အကူအညီ၊ ျပန္လည္ထူေထာင္ေရးနဲ႔ ေဒသတြင္း ဖြံ႔ၿဖိဳးေရးတို႔ကို ေဆြးေႏြးခဲ့ၾကပါတယ္။

ဒါ့အျပင္ အသက္ ၉၀ ႏွစ္နဲ႔ အထက္ သက္ႀကီးရြယ္အိုေတြအတြက္ လူမႈေရးပင္စင္၊ အေရးေပၚေငြေၾကး ေထာက္ပံ့ေရး၊ ပံုမွန္ေငြေၾကး ေထာက္ပံ့ေရး အစီအစဥ္ေတြ ေဆာင္ရြက္ေနမႈေတြကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့ ကမ္ဘာ့ဘဏ်က တာဝန်ရှိသူ တွေ့ဆုံ ဆွေးနွေး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒေါက်တာ ဝင်းမြတ်အေးနဲ့ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံဆိုင်ရာ လူမှုဖူလုံရေးနှင့် အလုပ်အကိုင်ဆိုင်ရာ ဒါရိုက်တာ မစ္စတာ စတင်း လော ဂျာဂင်ဆင်တို့ မနေ့က ဇန်နဝါရီ ၂၉ ရက် နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပါတယ်။

ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက် ၂ နှစ်အထိ ကလေးငယ်တွေကို ငွေကြေးထောက်ပံ့ရေး အစီအစဉ် (MCCT Program) တိုးချဲ့ရေး ကူညီရေး၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် လူသားချင်း စာနာမှု အကူအညီ၊ ပြန်လည်ထူထောင်ရေးနဲ့ ဒေသတွင်း ဖွံ့ဖြိုးရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် အသက် ၉၀ နှစ်နဲ့ အထက် သက်ကြီးရွယ်အိုတွေအတွက် လူမှုရေးပင်စင်၊ အရေးပေါ်ငွေကြေး ထောက်ပံ့ရေး၊ ပုံမှန်ငွေကြေး ထောက်ပံ့ရေး အစီအစဉ်တွေ ဆောင်ရွက်နေမှုတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)