
0
2258
(ဓာတ်ပုံ – နိရဉ္စရာသတင်းဌာန)




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို မိသားစုဝင်တွေ တွေ့ခွင့်မရ

နိုင်ငံတော် ပုန်ကန်မှုအပါအဝင် ပြစ်မှုကြီး ၃ ခုနဲ့ အစိုးရရဲ့ တရားစွဲဆိုတာခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို မိသားစုဝင်တွေ တွေ့ခွင့်မရခဲ့ဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့က သူတို့နှစ်ဦးကို ရသေ့တောင်မြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးရာမှာ တွေ့ခွင့် မရခဲ့တာလို့ နှစ်ဖက် မိသားစုဝင်တွေက သတင်းမီဒီယာတွေကို ပြောပါတယ်။

အဲ့ဒီနေ့က ပထမဆုံးအကြိမ် ရုံးထုတ်ကို စစ်တွေရော ရသေ့တောင်မှာပါ လြုံ့ခုံရေးအင်အား အများအပြားချထားခဲ့ပြီး ဒေသခံသတင်းမီဒီယာသမားတွေအနေနဲ့လည်း သတင်းယူခွင့် မရရှိခဲ့ဘူးလို့ ပြောပြကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)