နေရပ်ပြန်လာသူတွေကို လူဝင်မှု ကြီးကြပ်ရေးက အဆင့် သုံးဆင့်နဲ့ စိစစ်မယ်

0
2652




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နေရပ်ပြန်သူလာသူတွေကို လူဝင်မှု ကြီးကြပ်ရေးက အဆင့် သုံးဆင့်နဲ့ စိစစ်မယ်

နေရပ်စွန့်ခွာသူတွေကို ပြန်လက်ခံမယ်ဆိုရင် ယခင်က နေထိုင်သူတွေ ဟုတ်၊ မဟုတ် လုပ်ငန်းစဉ် အဆင့် သုံးဆင့်နဲ့ စိစစ်မှာ ဖြစ်တယ်လို့ တောင်ပြိုလက်ဝဲ လက်ခံရေးစခန်း၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ဒု ညွှန်ကြားရေးမှူး ဦးအောင်ဝင်းဦးက ပြောပါတယ်။

ပထမဆုံးအခန်းမှာ မှတ်ပုံတင်ရေး လုပ်ငန်း၊ ဒုတိယအခန်းမှာ ဘိုင်အိုမက်ထရစ် (Biometric) နဲ့ နောက်ဆုံးအခန်းက National Verification လုပ်မှာ ဖြစ်ပါတယ်။

တစ်ဖက်နိုင်ငံက ပြန်လည် ဝင်ရောက်လာမယ့်သူတွေကို ရဲတပ်ဖွဲ့၊ CID ၊ မူခင်းရဲ၊ သတင်းတပ်ဖွဲ့တွေနဲ့ အားလုံး စိစစ်ပြီးတော့မှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းကို ဆက်လက် ဆောင်ရွက်မှတ်တမ်းတင်မှာ ဖြစ်တယ်လို့ ဒု ညွှန်ကြားရေးမှူး ဦးအောင်ဝင်းဦးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)