“ကိုးကန္႔ အမ်ိဳးသားေန႔” သတ္မွတ္ေရး တိုင္းရင္းသား မ်ိဳးႏြယ္စုအားလံုးရဲ႕ ဆႏၵ ရယူဖို႔လို

0
2225

“ကိုးကန္႔ အမ်ိဳးသားေန႔” သတ္မွတ္ေဆာင္ရြက္ဖို႔အတြက္ အားလံုးပါဝင္တဲ့ ဦးစီးအဖြဲ႔ကို အရင္ဖြဲ႔ၿပီး သက္ဆိုင္ရာ တိုင္းရင္းသားမ်ိဳးႏြယ္စု အားလံုးရဲ႕ သေဘာဆႏၵကို ရယူကာ သတ္မွတ္ဖို႔ လိုအပ္တယ္လို႔ တိုင္းရင္းသားလူမ်ိဳးမ်ားေရးရာ ဝန္ႀကီး ႏိုင္သက္လြင္က ေျပာပါတယ္။

ရွမ္းျပည္နယ္ မဲဆႏၵနယ္ အမွတ္ (၁၁) က ဦးေက်ာ္နီႏိုင္ရဲ႕ ကိုးကန္႔ အမ်ိဳးသားေန႔ တရားဝင္ အသိအမွတ္ျပဳ သတ္မွတ္ေရး ေမးခြန္းနဲ႔ ပတ္သက္ၿပီး မေန႔က ဇန္နဝါရီလ ၂၉ ရက္ေန႔ အမ်ိဳးသား လႊတ္ေတာ္မွာ ဝန္ႀကီး ႏိုင္သက္လြင္က ေျဖၾကားသြားတာ ျဖစ္ပါတယ္။

ကိုးကန္႔ အမ်ိဳးသားေန႔ကို ကမာၻတစ္ဝန္းရွိ၊ ျပည္ေထာင္စု ျမန္မာႏိုင္ငံတစ္ဝန္းလံုးရွိ ကိုးကန္႔တိုင္းရင္းသားေတြက အသိအမွတ္ျပဳျခင္းကသာ သင့္ေတာ္ၿပီး ႏိုင္ငံေတာ္က သတ္မွတ္ ေဆာင္ရြက္ေပးဖို႔ မလိုဘူးလို႔လည္း ဝန္ႀကီး ႏိုင္သက္လြင္က ရွင္းလင္းေျပာၾကားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

“ကိုးကန့် အမျိုးသားနေ့” သတ်မှတ်ရေး တိုင်းရင်းသား မျိုးနွယ်စုအားလုံးရဲ့ ဆန္ဒ ရယူဖို့လို

“ကိုးကန့် အမျိုးသားနေ့” သတ်မှတ်ဆောင်ရွက်ဖို့အတွက် အားလုံးပါဝင်တဲ့ ဦးစီးအဖွဲ့ကို အရင်ဖွဲ့ပြီး သက်ဆိုင်ရာ တိုင်းရင်းသားမျိုးနွယ်စု အားလုံးရဲ့ သဘောဆန္ဒကို ရယူကာ သတ်မှတ်ဖို့ လိုအပ်တယ်လို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး နိုင်သက်လွင်က ပြောပါတယ်။

ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) က ဦးကျော်နီနိုင်ရဲ့ ကိုးကန့် အမျိုးသားနေ့ တရားဝင် အသိအမှတ်ပြု သတ်မှတ်ရေး မေးခွန်းနဲ့ ပတ်သက်ပြီး မနေ့က ဇန်နဝါရီလ ၂၉ ရက်နေ့ အမျိုးသား လွှတ်တော်မှာ ဝန်ကြီး နိုင်သက်လွင်က ဖြေကြားသွားတာ ဖြစ်ပါတယ်။

ကိုးကန့် အမျိုးသားနေ့ကို ကမ္ဘာတစ်ဝန်းရှိ၊ ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကိုးကန့်တိုင်းရင်းသားတွေက အသိအမှတ်ပြုခြင်းကသာ သင့်တော်ပြီး နိုင်ငံတော်က သတ်မှတ် ဆောင်ရွက်ပေးဖို့ မလိုဘူးလို့လည်း ဝန်ကြီး နိုင်သက်လွင်က ရှင်းလင်းပြောကြားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)