အႀကိမ္ ၂၀ ေျမာက္ ေရႊက်င္နိကာယ သံဃာ့အစည္းအေဝး က်င္းပ

0
2009

အႀကိမ္ ၂၀ ေျမာက္ ဗုဒၶသာသနာေတာ္လံုးဆိုင္ရာ ေရႊက်င္နိကာယ သံဃာ့အစည္းအေဝးႀကီးကို မေန႔က ဇန္နဝါရီ ၂၉ ရက္ေန႔ ရန္ကုန္တိုင္း၊ ေမွာ္ဘီၿမိဳ႕နယ္၊ ေအာက္ဝါးနက္ေခ်ာင္းရြာရွိ ဓမၼဒူတ ေဇတဝန္ေတာရ ေဆကိႏၵာရာမေက်ာင္းတိုက္မွာ က်င္းပပါတယ္။

သာသနာေတာ္ သန္႔ရွင္းတည္တံ့ျပန္႔ပြားေရးနဲ႔ စပ္လ်ဥ္းၿပီး ဓမၼစက္နဲ႔ ေဆာင္ရြက္ရာမွာ လိုအပ္တဲ့ အာဏာစက္ အကူအညီေတြကို ပံ့ပိုးေပးေနေၾကာင္း သာသာနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီး သူရဦးေအာင္ကိုက ေလွ်ာက္ထားပါတယ္။ ေရႊက်င္နိကာယ သံဃာ့အစည္းအေဝးႀကီးကို ဇန္နဝါရီ ၃၁ ရက္ေန႔အထိ သံုးရက္ၾကာ က်င္းပမွာ ျဖစ္ပါတယ္။

ေရႊက်င္ဂိုဏ္းႀကီးမွာ ေက်ာင္းေပါင္း ၃၇၄၉ ေက်ာင္း၊ ရဟန္း ၂၄၈၃၁ ပါး၊ သာမေဏ ၂၄၄၄၁ ပါး၊ စုစုေပါင္း သံဃာေတာ္ ၄၉၂၇၂ ပါး ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အကြိမ် ၂၀ မြောက် ရွှေကျင်နိကာယ သံဃာ့အစည်းအဝေး ကျင်းပ

အကြိမ် ၂၀ မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီးကို မနေ့က ဇန်နဝါရီ ၂၉ ရက်နေ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းရွာရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်မှာ ကျင်းပပါတယ်။

သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးနဲ့ စပ်လျဉ်းပြီး ဓမ္မစက်နဲ့ ဆောင်ရွက်ရာမှာ လိုအပ်တဲ့ အာဏာစက် အကူအညီတွေကို ပံ့ပိုးပေးနေကြောင်း သာသာနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုက လျှောက်ထားပါတယ်။ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီးကို ဇန်နဝါရီ ၃၁ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။

ရွှေကျင်ဂိုဏ်းကြီးမှာ ကျောင်းပေါင်း ၃၇၄၉ ကျောင်း၊ ရဟန်း ၂၄၈၃၁ ပါး၊ သာမဏေ ၂၄၄၄၁ ပါး၊ စုစုပေါင်း သံဃာတော် ၄၉၂၇၂ ပါး ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)