တာချီလိတ်မှာ လူနေအိမ်တစ်လုံးမီးလောင်ပြီး အိမ်ပိုင်ရှင်သေဆုံး

0
207

ထိုင်း-မြန်မာ နယ်စပ်က တာချီလိတ်မြို့မှာ ဒီကနေ့ ဇန်နဝါရီ ၃၀ ရက်နေ့ နံနက်ပိုင်းက လူနေအိမ်တစ်လုံး မီးလောင်ခဲ့တဲ့အတွက် အိမ်ပိုင်ရှင် သေဆုံးခဲ့ပါတယ်။

မီးလောင်ခဲ့တဲ့အိမ်ဟာ ရှမ်းပြည်နယ် အရှေ့ပိုင်းက တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ ဂေါ်သဇင်လမ်း၊ အမှတ် (၄/၁၆၀- က၊ ခ) အိမ်ဖြစ်ပါတယ်။
နေအိမ်အပေါ်ထပ် ငါးထပ်မှာ ဘုရားစင်မှာ အိမ်ပိုင်ရှင် ဦးစိုင်းမြင့် ဆီမီးပူဇော်ထားတဲ့ ဖယောင်းတိုင်မီးကနေ မီးလောင်မှု ဖြစ်ခဲ့တာပါ။

မီးလောင်မှုကြောင့် မြန်မာနိုင်ငံရော ထိုင်းနိုင်ငံ၊ မဲ့ဆိုင်ဘက်ကပါ မီးသတ်ကား ၁၀ စီးနဲ့ လာရောက် ငြှိမ်းသတ်ခဲ့ရပါတယ်။ အိမ်ပိုင်ရှင်ကတော့ မီးလောင်တဲ့အထဲမှာ ပါသွားခဲ့ပြီး သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)