ပြည်သူတွေ ဘာသာရေး၊ လူမျိုးရေး သွေးထိုးမှုတွေကို အထူးဂရုပြုဖို့ နိုင်ငံတော်သမ္မတရုံး သတိပေးထုတ်ပြန်

0
250

အာဏာရ NLD ပါတီရဲ့ ဗဟို ဥပဒေအထောက်အကူပြု အဖွဲ့ဝင် ဦးကိုနီ အသတ်ခံခဲ့ရတဲ့ ဖြစ်စဉ်ကြောင့် ပြည်သူတွေ အထိတ်တလန့်မဖြစ်ကြဘဲ ဘာသာရေး၊ လူမျိုးရေး သွေးထိုးမှုတွေကို အထူးဂရုပြုဖို့ နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ အသတ်ခံရတဲ့ ဖြစ်ရပ်ဟာ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ရည်ရွယ်ဆောင်ရွက်တာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်မိတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ဦးကိုနီဟာ အင်ဒိုနီးရှားမှာ ဇန်နဝါရီ ၂၂ ကနေ ၂၉ ရက်နေ့အထိ လုပ်တဲ့ အကြီးတန်းခေါင်းဆောင်မှု အစီအစဉ်ကို တက်ရောက်ပြီး စင်ကာပူလေဆိပ်ကနေ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အပြန်မှာ ဦးခေါင်းကို ပစ္စတိုသေနတ်နဲ့ အနီးကပ် လုပ်ကြံပစ်သတ်ခံခဲ့ရတာပါ။

သမ္မတရုံးအနေနဲ့ ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေပြီး ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေပေါ် မူတည်ပြီး လုံခြုံရေးအစီအမံတွေကိုလည်း အထူးအလေးထား ဆောင်ရွက်နေတာဖြစ်ပြီး အခု လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြစ်စေ၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးဖြစ်စေ ထူးခြားမှုတွေ တွေ့ရှိရင်လည်း အမြန်ဆုံး ဆက်သွယ်ကြဖို့ မေတ္တာရပ်ခံ ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)