ရှေ့နေဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်း သေဆုံးမှုနဲ့ ပတ်သက်ပြီး SNLD ပါတီ ရှုတ်ချ

0
315

NLD ဗဟို ဥပဒေအထောက်အကူပြု အဖွဲ့ဝင် ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်းတို့ သေဆုံးခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး အကြမ်းဖက်ဆောင်ရွက်သူတွေနဲ့ နောက်ကွယ်က ကြံစည်သူတွေကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်းတို့ သေဆုံးပြီး တစ်ရက်အကြာ ဇန်နဝါရီ ၃၀ ရက်နေ့မှာ SNLD ပါတီက ခုလို ရှုတ်ချကြောင်း ထုတ်ပြန်လိုက်တာပါ။

ဦးကိုနီဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အတွက် ဥပဒေကြောင်းနဲ့ပတ်သက်ပြီး အကြံဉာဏ်တွေ ပေးခဲ့ဖူးသူ တစ်ယောက်ဖြစ်တဲ့အတွက် ကျေးဇူးတင်ထိုက်သူတစ်ဦး ဖြစ်တယ်လို့လည်း SNLD ပါတီက မှတ်တမ်းတင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံကို လေ့လာရေးခရီးသွားရောက်ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့က မြန်မာနိုင်ငံကို ပြန်အလာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ အနီးကပ် လုပ်ကြံ ပစ်သတ်ခံခဲ့ရတာပါ။ ဦးကိုနီကို ပစ်သတ်သူကို အငှားယာဉ်သမားတွေက လိုက်လံဖမ်းဆီးဖို့ ကြိုးစားရာကနေလည်း အငှားယာဉ်မောင်း ဦးနေဝင်းလည်း သေနတ်မှန်ပြီး သေဆုံးခဲ့ရတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)