လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လူ့အခွင့်အရေးချိုးဖောက်ရင် အရေးယူဖို့အသင့်ပဲလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော

0
341

လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိရင် ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားဖို့ အသင့်ပဲလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကနေဒါ သံအမတ်ကြီး မစ္စစ် ကာရန် မက်အာသာနဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားခဲ့တာပါ။

ကနေဒါ သံအမတ်ကြီးက ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်တွေ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စတွေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဲဒီလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်ရဲ့ တာဝန်ထမ်းဆောင်မှု နယ်ပယ်ဟာ များစွာကျယ်ပြန့်တဲ့အတွက် နိုင်ငံရေးရှုထောင့်က ရှုမြင်ပုံနဲ့ စစ်ရေးရှုထောင့်က ရှုမြင်ပုံမျိုးဟာ မတူညီနိုင်တာကြောင့် တချို့နေရာတွေမှာ သဘောထား ကွဲလွဲမှုတွေ ရှိနိုင်တယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကနေဒါ သံအမတ်ကြီးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ဟာ ကနေဒါနိုင်ငံက မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံလိုတဲ့ ကိစ္စတွေနဲ့ ကနေဒါ-မြန်မာ တပ်မတော်ချင်း ဆက်ဆံရေး မြှင့်တင်ဖို့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)