လုံခြုံရေးကင်းမဲ့မှု အခြေအနေကို ဆန့်ကျင်ကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကြေညာချက် ထုတ်ပြန်

0
389

သေနတ်နဲ့ အကြမ်းဖက်တိုက်ခိုက် လုပ်ကြံသတ်ဖြတ်ခံရတဲ့အထိ လုံခြုံရေးကင်းမဲ့မှု အခြေအနေကို ဆန့်ကျင်ကန့်ကွက်ကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဇန်န၀ါရီလ (၂၉) ရက်နေ့ ညနေပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက အဲ့ဒီနေ့မှာပဲ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ဒါ့အပြင် လက်နက်ကိုင်အကြမ်းဖက် လုပ်ကြံမှုလို အစဉ်အလာဆိုးကို အမြန်ဆုံးဖော်ထုတ် အမြစ်ဖြတ် ရပ်တန့်နိုင်ဖို့အတွက်ကိုလည်း တာဝန်ရှိသူ အဆင့်ဆင့်က အားထုတ်ကြိုးပမ်းပေးဖို့ကိုလည်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက တိုက်တွန်းထား ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)