ဦးကိုနီ လုပ်ကြံပစ်သတ်ခံရမှုအတွက် ဝမ်းနည်းကြေကွဲကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီး ပြော

0
399

NLD ပါတီရဲ့ ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် မိသားစုနဲ့ထပ်တူ အလေးအနက် ဝမ်းနည်းကြေကွဲကြောင်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Børge Brende ဟာ ဇန်နဝါရီ ၂၉ ရက်နေ့က သူ့ရဲ့ Twitter လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားခဲ့တာပါ။

အဲဒီနေ့ဟာ မြန်မာနိုင်ငံအတွက် အမှောင်နေ့တစ်ရက်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ ထင်ရှားကျော်ဇောမှုနဲ့ လေးစားမှုအခံရဆုံး မွတ်ဆလင်ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီးက ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဦးကိုနီဟာ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီမှာ ပြန်ကြားရေးဝန်ကြီးနဲ့အတူ အင်ဒိုနီးရှားခရီးစဉ် လိုက်ပါသွားရာကနေအပြန်မှာ သေနတ်သမားတစ်ဦးရဲ့ အနီးကပ်လုပ်ကြံပစ်သတ်မှုကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)