ဦးကိုနီကို လုပ်ကြံပစ်သတ်သူ မန္တလေးသားမဟုတ်ဘူးလို့ မန္တလေးတိုင်း ရဲမှူးကြီးပြော

0
224

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံပစ်သတ်ခဲ့တဲ့လူဟာ မန္တလေးသား မဟုတ်ဘူးလို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူးကြီး ဟန်ထွန်းက ဒီကနေ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဦကိုနီကို သတ်သွားတဲ့တရားခံနဲ့ပတ်သက်ပြီး ဒီကနေ့ နေ့လယ်ပိုင်းက မန္တလေးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားခဲ့တာပါ။
ဦးကိုနီကို လုပ်ကြံပစ်သတ်ခဲ့တဲ့ ကြည်လင်း(၅၃ နှစ်)ကိုင်ဆောင်တဲ့ မှတ်ပုံတင်အရ သူဟာ မန္တလေးမှာလိပ်စာ ဖြစ်ပေမဲ့ မန္တလေးမှာ နေထိုင်သူတစ်ယောက်ဘူးလို့ ရဲမှူးကြီး ဟန်ထွန်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လုပ်ကြံပစ်သတ်သူကို ဖမ်းမိတဲ့အချိန်မှာ မှတ်ပုံတင်တစ်ခုရပြီး မှတ်ပုံတင်နံပါတ်အတိုင်း ရှာဖွေတဲ့အခါမှာ အမှန်တကယ် နေထိုင်ခြင်းမရှိတာကို တွေ့ရှိခဲ့ပါတာ။ မှတ်ပုံတင် လုပ်ခဲ့တဲ့ ခေတ်ကာလအပိုင်းအခြားဟာ ၁၉၉၉-၂၀၀၀ ခုနှစ်လောက်မှာ လုပ်ခဲ့တာဖြစ်ပြီး အဲဒီကာလက အဲဒီအမှတ်ကွက်ထဲသာ လုပ်ခဲ့တာသာဖြစ်ပြီး မန္တလေးသားမဟုတ်ဘူးဆိုတဲ့ အချက်အလက်တွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့က တရားခံစုံစမ်းဆဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က သူဘာလို့ ကျူးလွန်လည်းဆိုတာကို ဖော်ထုတ်ဖို့ပဲ ရှိပါတယ်။ ကျွန်တော်တို့ပြောလို့မရတဲ့ ကိစ္စတွေရှိပါတယ်။ ပြောလို့ရတဲ့ကိစ္စတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ပြောနိင်တာကတော့ ဒီလူက မန္တလေးသားမဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ သူ့ကို မန္တလေးသား မဟုတ်ဘူးဆိုတာကို ပြောနိင်ပါတယ်”လို့ရဲမှူးကြီး ဟန်ထွန်းက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)