ဦးကိုနီ ပစ်သတ်ခံရမှုကို စုံစမ်းစစ်ဆေး ဖော်ထုတ်ဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ တောင်းဆို

0
362

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံပစ်သတ်ခံရတဲ့ ကိစ္စကို စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)က တိုက်တွန်းလိုက်ပါတယ်။


(ဦးကိုနီရဲ့ ရုပ်အလောင်းကို ဆေးရုံမှာ စစ်ဆေးစဉ် လုံခြုံရေးတာဝန်ယူနေတဲ့ ရဲတစ်ဦး)

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ဒီသတ်ဖြတ်မှုဟာ “စီစဉ် လုပ်ကြံသတ်ဖြတ်တဲ့ အမှတ်အသားတွေ အားလုံး”ပါဝင်တယ်လို့ ပြောဆိုထားတာပါ။

ဒါ့ကြောင့် “အသေးစိတ် တိကျရှင်းလင်းပြီး၊ အမှီအခိုကင်းပြီး မျှတတဲ့ စုံစမ်းစစ်ဆေးမှု”တစ်ရပ် ဖော်ဆောင်သွားဖို့လည်း တိုက်တွန်းထားပါတယ်။
အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ ဦးကိုနီဟာ ဇန်နဝါရီ ၂၉ ရက်နေ့ ညနေပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဦးကိုနီကို သတ်တဲ့လူဟာ ကြည်လင်းလို့အမည်ရတဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)