မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နေတဲ့ ကဏ္ဍ ကိုးခုနဲ့ ပတ်သက်ပြီး ဆွေးနွေး

0
305

မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နေတဲ့ ကဏ္ဍ ၉ ခုနဲ့ပတ်သက်ပြီး အနာဂတ်စီမံကိန်းတွေအရေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံဝန်ကြီးချုပ် အထူးအကြံပေးအရာရှိ မစ္စတာ ဟီရိုတို အီဇူမီတို့ ဒီကနေ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ဟီရိုတို အီဇူမီတို့ဟာ ဒီကနေ့ နံနက် ၁၀ နာရီမှာ နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရဲ့ ဧည့်ခန်းမမှာ လက်ခံတွေ့ဆုံခဲ့တာပါ။

မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံဟာ ကျေးလက်ဒေသစိုက်ပျိုးရေးနဲ့ အခြေခံ အဆောက်အသီး ကဏ္ဍ ဖွံ့ဖြိုးရေး၊ ပညာရေး ကဏ္ဍ အရည်အသွေး မြှင့်တင်ရေးနဲ့ အလုပ်အကိုင် ဖန်တီးရေး၊ မြို့ပြစက်မှုလုပ်ငန်းများ ကဏ္ဍဖွံ့ဖြိုးရေး၊ ကျေးလက်နဲ့မြို့ပြ ဆက်သွယ်တဲ့ ပို့ဆောင်ရေး ကဏ္ဍ တိုးတက်ရေး၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ မြို့ပြအဆောက်အအဦးတွေ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ၊ အစိုးရနဲ့ ပုဂ္ဂလိက ငွေကြေးကဏ္ဍ တိုးတက်မှု ရှိစေရေး၊ စာတိုက်နဲ့ ဆက်သွယ်ရေးကဏ္ဍ တိုးချဲ့ဆောင်ရွက်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ အဆင့်မြှင့်တင်ရေးတို့အတွက် လက်ရှိမှာ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန် ဝန်ကြီးချုပ်အကြံပေးအရာရှိတို့ဟာ အဲဒီ ကဏ္ဍ ၉ ခုမှာ လက်ရှိ ပူးပေါင်းဆောင်ရွက်နေမှုတွေအပြင် အနာဂတ်မှာ ဆောင်ရွက်မယ့် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)