ဦးကိုနီ ဈာပန ချောချောမွေ့မွေ့ဆောင်ရွက်နိုင်ရေး မွတ်ဆလင်တွေ ဝိုင်းဝန်းကူညီဖို့ အစ္စလာမ်အဖွဲ့ကြီး ပန်ကြား

0
306

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီရဲ့ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီရဲ့ ဈာပန အဆင်ပြေချော့မွေ့စွာ ဆောင်ရွက်နိုင်ရေး အစ္စလာမ်ဘာသာဝင်တွေ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ပန်ကြားလိုက်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ဇန်နဝါရီ ၂၉ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်နဲ့ အနီးကပ် လုပ်ကြံပစ်သတ်ခံခဲ့ရတာပါ။

ဦးကိုနီကိုသတ်ဖြတ်ခဲ့သူဟာ အသက် ၅၃ နှစ်အရွယ်ရှိပြီး ကြည်လင်းလို့အမည်ရတဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး ဦးကိုနီကို ပစ်ခတ်ခဲ့ပြီးနောက် ထွက်ပြေးခဲ့တဲ့ ကြည်လင်းကို ရန်ကုန်လေဆိပ်က အငှားယာဉ်မောင်းတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့ရာမှာ ကြည်လင်းရဲ့ ပစ်ခတ်မှုကြောင့် အငှားယာဉ်မောင်း ဦးနေဝင်းဆိုသူတစ်ဦးလည်း ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဦးကိုနီသေဆုံးမှုဟာ လူမျိုး ဘာသာမခွဲခြား ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ နိုင်ငံတော်တည်ဆောက်ရေးအတွက်သာမက မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေအတွက်လည်း ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဦးကိုနီရဲ့ ဈာပနအခမ်းအနားကို ဒီကနေ့ ဇန်နဝါရီ ၃၀ ရက်နေ့ ညနေ ၄ နာရီမှာ ရေဝေး စွန္နီ အစ္စလာမ့်ဥယျာဉ်တော်မှာ ဆုတောင်းမှုလုပ်ပြီး မြေမြှုပ်သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)