ဦးကိုနီ လုပ်ကြံပစ်သတ်ခံရတဲ့ ဖြစ်ရပ်ဟာ အကြမ်းဖက်လုပ်ရပ်လို့ NLD ထုတ်ပြန်

0
438

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်နဲ့ လုပ်ကြံပစ်သတ်ခံရတဲ့ ဖြစ်ရပ်ဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက ဇန်နဝါရီ ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဦးကိုနီဟာ NLD ရဲ့ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်နေ့ ညနေပိုင်းမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာပါ။

အမျိုးသားဒီမိုကရေအဖွဲ့ချုပ်အနေနဲ့ ဦးကိုနီ ကွယ်လွန်မှုအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲကြောင်းနဲ့ ဒီလုပ်ရပ်ဟာ အကြမ်းဖက်လုပ်ရပ် ဖြစ်တာကြောင့် အပြင်းအထန် ရှုတ်ချတယ်လို့လည်း NLD အတွင်းရေးမှူးအဖွဲ့က အဲဒီ ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။

NLD အဖွဲ့ဝင်တွေအနေနဲ့ ဒီဖြစ်ရပ်အပေါ် အလွန်အကျွံမတုံ့ပြန်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေ မျက်ခြေမပြတ် ဆက်လက်ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)