နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကမ္ဘောဒီးယားကို တရားဝင်ခရီးစဉ် သွားရောက်မယ်

0
266

နိုင်ငံတော်သမ္မတဦး ထင်ကျော်ဟာ လာမယ့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ကမ္ဘောဒီးယားနိုင်ငံကို တရားဝင် သွားရောက်လည်ပတ်ဖို့ ရှိနေတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

သမ္မတ ဦးထင်ကျော်ရဲ့ ဒီခရီးစဉ်ဟာ ဖေဖော်ဝါရီ ၃ ရက်ကနေ ၆ ရက်အထိ ကြာမြင့်မှာဖြစ်ပြီး ကမ္ဘောဒီးယားဘုရင်မင်းမြတ် နိုရိုဒွမ် သီဟမုနိရဲ့ ဖိတ်ကြားချက်အရ သွားရောက်မှာပါ။

သမ္မတ ဦးထင်ကျော်ရဲ့ ကမ္ဘောဒီးယား ဘုရင်မင်းမြတ်ရဲ့ တော်ဝင်နန်းတော်မှာ တော်ဝင်မိသားစုဝင်တွေက ကြိုဆိုမှာဖြစ်ပြီး ဦးထင်ကျော်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဆမ်ဒက် တက်ချို ဟွန်ဆန်တို့ တော်ဝင်နန်းတော်မှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအရေးတွေ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဟာ အဲဒီ ခရီးစဉ်အတွင်းမှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် နယ်မြေတစ်ခုဖြစ်တဲ့ အန်ကောဝပ် ဘုရားကျောင်းကိုလည်း သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)