ရမ်းကားတဲ့ လိုင်းကားသမားတွေကို တရားရုံးချက်ချင်းပို့ပြီး ချက်ချင်းထောင်ချဖို့ နိုင်ငံပိုင်သတင်းစာ တိုက်တွန်း

0
307

ရမ်းကားတဲ့လိုင်းကားသမားတွေကို တရားရုံးချက်ချင်းပို့ပြီး ချက်ချင်းထောင်ချဖို့ နိုင်ငံပိုင်သတင်းစာ တိုက်တွန်း
ရမ်းကားဆိုးသွမ်းတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်တွေကို တရားရုံးကို ချက်ချင်းပို့ဆောင်ပြီး ပြစ်မှုထင်ရှားရင် ထိရောက်တဲ့ ထောင်ဒဏ်တွေ ချက်ချင်းချမှတ်သင့်တယ်လို့ နိုင်ငံတော်ပိုင် မြန်မာ့အလင်းသတင်းစာက ရေးသားလိုက်ပါတယ်။

15780657_1039479452829877_7131561194659016375_n

ဒီဇင်ဘာ လ ၂၉ ရက် ဒီကနေ့ထုတ် မြန်မာ့အလင်း အယ်ဒီတာ့အာဘော်မှာ ရေးသားထားတာပါ။ ရမ်းကားဆိုးသွမ်းတဲ့ ယာဉ်မောင်း နဲ့ ယာဉ်နောက်လိုက်တွေရဲ့ တရားလက်လွှတ်ပြုကျင့်မှုတွေကို ပြည်သူလူထုရဲ့ တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်ဖျက် ဆီးတဲ့လုပ်ရပ်အဖြစ် သတ်မှတ်ပြီး အရေးပေါ်အစီအစဉ်တွေ ချမှတ်ဆောင်ရွက်သင့်တယ်လို့ နိုင်ငံတော်ပိုင်သတင်းစာက ရေးသားခဲ့တာပါ။

ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေရဲ့ ရမ်းကားဆိုးသွမ်းမှုဟာ ခရီးသွားပြည်သူတွေကို စော်ကားတဲ့ အဓိပ္ပာယ်ရောက်ရုံမကဘဲ ဥပဒေကို ဘေးဖယ်ပြီး မင်းမဲ့စရိုက်ဆန်ဆန် ပြုကျင့်တဲ့အဓိပ္ပာယ်လည်း ရောက်တယ်လို့ အဲဒီ အယ်ဒီတာအာဘော်မှာ ဖော်ပြထားပါတယ်။

ဒီလို အရေးပေါ်အစီအစဉ်နဲ့ ရမ်းကားဆိုးသွမ်း ယာဉ်မောင်းနဲ့ ယာဉ် နောက်လိုက်တွေကို အရေးယူနေပါလျက်နဲ့ လူစုပြီး အဲဒီယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို သူတို့စိတ်တိုင်းကျ အ ပြစ်ပေးတဲ့ သူတွေကိုလည်း အရေးပေါ်အစီအစဉ်နဲ့ အရေးယူသင့်တယ်လို့ တိုက်တွန်းရေးသားထားပါတယ်။

ဒါ့အပြင် တရားဥပဒေစိုးမိုးမှုနဲ့ ပြည်သူလူထုရဲ့တည်ငြိမ်အေးချမ်းမှုကို ထိပါးတဲ့လုပ်ရပ်မှန်သမျှကို အချိန်မဆိုင်းဘဲ ထိထိရောက် ရောက် အပြစ်ပေးအရေးယူပေးဖို့ အဲဒီအယ်ဒီတာအာဘော်မှာ တိုက်တွန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)